part-11

1.1K 50 0
                                    


Unicode

🍀 မုန်းသင့်လူသား 🍀{အပိုင်း-11 }

                 (သို့ ) 🌿ကျွန်တော်မုန်းတဲ့...daddy🌿

လရိပ်ငယ် တစ်ယောက် လေယာဉ်ကွင်းက သတင်းထောက်
တွေနဲ့ အင်တာဗျူး ဖြစ်နေတဲ့ ဦးဇိုင်းရဲ့ ဗီယိုဖိုင်ကို မျက်တောင်
မခတ်  စိုက်ကြည့်နေ၏။

ဒီမနက်ဦးဇိုင်းပြန်ရောက်မှာ သူသိသည်။ သို့သော် အရင်လို ဦးဇိုင်း
ခရီးက ပြန်လာတိုင်း မမောနိုင်မပန်နိုင် လေယာဉ်ကွင်း ပြေးကြို
တတ်တဲ့ ကောင်လေးမဟုတ်တော့တဲ့အတွက်...ကိုယ့်အခန်းနဲ့
ကိုယ်သာ ပြန်ရောက်တဲ့သတင်းစောင့်နေလိုက်သည်။

ဦးဇိုင်းလို သူဌေးကြီးက စေ့စပ်ပွဲဖျက်ပြီး ဘန်ကောင် သွားတဲ့
ကိစ္စ သတင်းမီဒီယာ တွေရဲ့ စိတ်ဝင်စားခြင်း ခံရမှာ သိနေသူမို့
လိုင်းဖွင့်ပြီး တမင် သတင်းစောင့်နေခြင်းဖြစ်သည်။

ဝှီချဲပေါ်မှာ ထိုင်နေတဲ့ ဦးဇိုင်းနံဘေးမှာ ကြီးမေနဲ့ ဦးမဲလုံးက
ဝန်းရံ ကာ ရပ်ထားကြပြီး သတင်းသမားတွေကို မမေးမြန်း ဖို့
တားနေကြ၏။ ဦးဇိုင်း ဘာလို့ ဝှီချဲပေါ်မှာ ထိုင်နေရတာလဲ
သူမသိ။ သူ သိတာက...ဦးဇိုင်းမျက် နှာ သိသိသာသာ ချောင်
ကျသွားတာပင်။ဦးဇိုင်း မျက်နှာကို အရိပ်တစ်ကြည့်ကြည့် ကြည့်ခဲ့ဖူ
သူ ဖြစ်သည့်အတွက် မျက်နှာချောင်ကျ သွားမှန်း သူတန်းသိခြင်း
ဖြစ်သည်။

" သား "

" အဖေ "

အခန်းအောင်းပြီးသတင်းကြည့်နေတဲ့ လရိပ်နား ရောက်ရှိလာတဲ့
သူ၏ ဖခင်။ ကြည့်ရတာ ရိပ်မနကစာ စားကြီးပြန်တက်လာတဲ့
အခါ...အခန်းတံခါး မပိတ်ထားမိခဲ့တာဖြစ်မယ်။

" သား မောင်ဇိုင်းသတင်းကြည့်နေတာလား "

" ဟုတ် အဖေ,, ဦးဇိုင်းဘာလို့ ဝှီးချဲပေါ် ထိုင်နေရတာလဲ အဖေသိလား"

ရိပ်မေးလိုက်တော့ ဦးရတု မျက်နှာ မသိမသာပျက်သွားလေသည်။
ထို့နောက် ဘားမှ မဖြစ်သလို ပြန်တည်လိုက်၍...

" အဖေလဲ မသိဘူးသား...အဖေနဲ့ ဇိုင်းရဲ့ ဆက်ဆံရေးက
အရင်ဘို မဟုတ်တော့...သတင်းမမေးဖြစ်ဘူးသား "

မုန်းသင့်လူသား (or)ကျွန်တော် မုန်းတဲ့...daddy( Uni / ZG) Where stories live. Discover now