part-13

1K 44 0
                                    


Unicode

🍀 မုန်းသင့်လူသား 🍀 {အပိုင်း- 13}

              ( သို့)  🌿ကျွန်တော်မုန်းတဲ့...daddy🌿

ထမင်းစားဝိုင်းက သည်းငယ်ထပြန်သွားပြီး အတော်ကြာတဲ့အထိ
ဇိုင်း နေရာမရွှေ့မိ။ အပြစ်မရှိတဲ့ လေပူတွေကိုသာ ခဏခဏ မှုတ်ထုတ်
နေလိုက်သည်။ သက်ပြင်းတစ်ခါ ချရင်...အသက်တစ်ရက်တိုတတ်
တယ်တဲ့။ ရှေ့လူကြီးတွေ ဆိုရိုး ရှိဖူးတယ်။ အဲ့လိုကြေးဒါဆို ဇိုင်း
အသက်တောင်ရှင်တော့မှာမဟုတ်ဘူး။ သည်းငယ်ကြောင့် ချခဲ့တဲ့
သက်ပြင်းတွေက နည်းနည်းနှောနှော မှမဟုတ်တော့ဒါ။

" သခင့် "

"ဦးမဲလုံး ရောက်ပါပြီ "

ပြောစရာ ရှိ၍ ကြီးမေဖြင့် ဦးမဲလုံးကို အခေါ်လွှတ်လိုက်ခြင်းဖြစ်သည်။
ဦးမဲလုံးနဲ့ ကြီးမေ ရှိရာအရပ်ဘက်ကို မျက်နှာမူလိုက်၍။

" ကြီးမေ...လုပ်စရာရှိတာ သွားလုပ်ပါ "

" ဟုတ်ကဲ့ "

ထမင်းစားခန်းထဲက ကြီးမေထွက်သွားမှ ဇိုင်း ဦးမဲလုံးကို ထိုင်ခုံ
ပေါ်ထိုင်ဖို့ မျက်လုံးဖြင့် အချက်ပြလိုက်တော့ ခေါင်းငြိမ့်ကာ
ထိုင်ခုံတစ်လုံး ဆွဲယူပြီးမလှမ်းမကမ်း နေရာ၌ သင့်သလို
ဝင်ထိုင်လာ၏။

" ဘာများ ခိုင်းစရာရှိလို့လဲ သခင်"

" မြိုက်,, လောင်းကစားပိုင်ရှင် ဦးကျောဇောဝင်း နဲ့ တွေ့ဖို့စီစဉ်
ပေးပါ "

" သခင်...သူက "

" သည်းငယ်နဲ့ ကျွန်တော်လက်ထပ်တော့မယ် ဦးမဲလုံး "

" ဗျာ "

အန္တာရာယ်ကြီးတဲ့ မီးနဲ့ ထိတ်တိုက်ရင်ဆိုင်ဖို့ လုပ်နေတဲ့ သခင့်ကို ဦးမဲလုံး
တားဖို့ စကားစလိုက်တာနဲ့ သခင့်ထံက ထွက်လာတဲ့ မယုံကြည်နိုင်တဲ့
စကားကြောင့် ပြောမဲ့စကားလုံးတွေတောင် ပျောက်ရှ သွားရတော့သည်။

" သခင်...သခင် ဘာပြောလိုက်တာ "

" သည်းငယ်ကို ကျွန်တော်စိတ်မချဘူး ဦးမဲလုံး...မှောင်ခို လုပ်နေတဲ့
ကျွန်တော့်ဘဝထဲ ဆွဲခေါ်ထားဒါကမှ လုံခြုံအုန်းမယ်ဗျာ,ဦးကျော်ဇောဝင်း
လက်ထဲဒါ ရောက်သွားလို့ကတော့...တကယ့်မတွေးဝံ့စရာ "

မုန်းသင့်လူသား (or)ကျွန်တော် မုန်းတဲ့...daddy( Uni / ZG) Where stories live. Discover now