part-10

1.3K 46 0
                                    


Unicode

🍀 မုန်းသင့်လူသား🍀 {အပိုင်း- 10}

          ( သို့)  ♦️♦️ကျွန်တော်မုန်းတဲ့ daddy ♦️♦️

ဘန်ကောက်မှာ အကောင်းပကတိ အတိုင်းရှိနေသေးတဲ့ ဇိုင်းသူရိန်ကို
ဘယ်လို ရှင်းထုတ်ရမယ်မှန်းမသိ ဖြစ်နေတဲ့ ဦးရတု။ လက်ထဲက
အရက်ခွက်ကိုတာ အဆက်မပြတ် ပါစပ်ထဲသို့ မော့ချ နေလေ၏။

သတ်ဖို့ စေခိုင်းလိုက်တဲ့သူ့,, လူတွေ ဖမ်းမိ ပြီဆိုကတဲက သူခိုင်းမှန်း
ဇိုင်းသိတော့မှာ အသေအခြာဘဲ။ ဒီလိုသာဆို သူ့အတွက် ပြေးပေါက်
ရှိတော့မှာ မဟုတ်ဘူး။ ဘာဆက်လုပ်ရမယ် မသိဖြစ်နေတဲ့ ဦးရတု မှာ
လောင်းကစား ရဲ့ နောက်ဆုံးပေးဆပ်ခြင်း ဝဋ်ကြွေးကို ခံစားနေရလေ
သည်။

လောင်းကစား ဆော့တိုင်း တစ်ကြိမ် တစ်ခါမှ နောင်တမရဘူးတဲ့ ဦးရတု
ယခုတော့ အရင်းနှီးဆုံးနဲ့ အခင်ဆုံးသော သူငယ်ချင်း,, မိတ်ဆွေ ကို
သတ်ဖို့ စေခိုင်းရတဲ့ အထိ ဖြစ်ခဲ့ရလေပြီ။

နောင်တ ဆိုတာ...အချိန်လွန်မှ ရကြတာ အစဉ်အမြဲဘဲ ဆိုပေမဲ့
ဦးရတုကတော့ နောင်တ တရားကို အချိန်လွန်နေတာတောင် ရကောင်း
မှန်း မသိ လောင်းကစား အသိုင်းအဝိုင်း ၌သာ,မွှေ့ပျော် စံပိုက် နေလေ
၏။

ဧည့်ခန်းမှာ ထိုင်ပြီး တစ်ချိန်လုံး အရက်ထိုင်သောက်နေတဲ့ ယောင်္ကျား
ကို ဒေါ်မြင့်မိုရ် ကြည့်မရ ဖြစ်မိသည်မှာ အမှန်။ သား ရိပ်ရဲ့ မျက်စိ
ယခုမှ ပြန်မြင်ရချိန်မို့သာ ဦးရတု နဲ့ ရန်မဖြစ် ဖို့ သူ့စိတ်ကို သူထိန်း
ထားခြင်းပေ။

ဒေါ်နန်းမေ ရဲ့ ပြောပြချက် ကြောင့် သူ့ယောင်္ကျား လောင်းကစား
ကျွန် ဖြစ်နေမှန်း သိခဲ့ရသလို...မောင်ဇိုင်း အပေါ် သစ္စာပါဖောက်
ခဲ့တာ သူသိခဲ့သည်။

မောင်ဇိုင်းရဲ့ တောင်ဆိုမှု့ ကတိကြောင့်သာ မဟုတ်ရင် သားရိပ်ရဲ့
ကားတိုက်မှု့ အကျိုးရလဒ် ကို သူ့ယောင်္ကျားကို အမှန်အတိုင်းပြော
ပြီး ကျေးဇူးရှင်ကို ကျေးဇွတ်တဲ့ ကောင်ဆိုပြီး ရန်ဖြစ် ပလိုက်မှာ
အသေ အုခါပင်။

လက်ထဲက ငါးခြောက်သုတ် ပုကန်ကို သူမ ကိုင်၍ အရက်သောက်နေတဲ့
စပွဲပေါ် ချပေးလိုက်တော့...ကာလနာ ကြီးက မေးစင်းနေတဲ့ မျက်မှေး
တွေနဲ့ မော့ကြည့်ကာ အရက်ကို သောက်နေ၏။

မုန်းသင့်လူသား (or)ကျွန်တော် မုန်းတဲ့...daddy( Uni / ZG) Where stories live. Discover now