အခန်း(၁)(Uni)

17.7K 506 3
                                    

"ဟန်ချီ ! မောင့်ကိုစောင့်ပါဦးကွာ...."

နောက်မှ အော်ခေါ်ကာ ပြေးလိုက်လာသူကိုလျစ်လျူရှုထားရင်း ခြေလှမ်းများကို သွက် သွက်  ပိုလှမ်းမိပါသည်။ စိတ်လေနေပြီတကယ်! ဒီလူရွာကိုရောက်လာကတည်းကဟန်ချီ အေးအေးဆေးဆေးမနေရပါ။လူကိုအမျိုးမျိုး နှောင့်ယှက်နိုင်လွန်းသည်။

ခုလည်းကြည့် လေနောက်ကနေ တမောင်မောင်နဲ့ အော်ပြီးလိုက်လာတာ...လူတွေ၀ိုင်းကြည့်နေတာကိုတောင်သိပုံမရ။သူကသာမသိတာ. ကျွန်တော်ကတော့တကယ်ရှက်လှပြီ...။

တကယ်ဆိုဒီလိုမျိုး နောက်ကနေတကောက်ကောက်လိုက်ခံရတာမျိုးက ဟန်ချီအတွက်အဆန်းမဟုတ်ပါ။ "လှမျက်ဟန်ချီ"ဆိုတဲ့သူကရွာရဲ့အချောအလှလေ... အင်း...ချောသည်ဆိုတာထက်လှသည်ဟု ပြောလျှင်ပိုမှန်ပေ
လိမ့်မည် အမေတူသားဆိုသည့်အတိုင်း အမေ့ဆီကအမွေမှန်သမျှအကုန်ရခဲ့ပါသည်။

မျက်တောင်ရှည်တွေ၀န်းရံထားပြီးအမြဲအရောင်လဲ့နေတဲ့မျက်၀န်း၀ိုင်းတွေရယ်၊ပိန်ပိန်ပါးပါးခန္တာကိုယ်ရယ်၊ အသားရေကတော့ ဖြူတာမဟုတ်ပဲ ၀ါ၀င်းပြီးကြည်လင်နေတာမျိုးဖြစ်သည်။သာမာန်ယောကျ်ားလေးတွေရှိရင်းစွဲအရပ်ထက်အနည်းငယ်ပုပေမယ့်တအားပုနေတာမျိုးတော့မဟုတ်..မသိသာပင်။

ပြုံးရယ်လိုက်တိုင်းပေါ်လာတတ်တဲ့ပါးချိုင့်တွေအပြင်သွားစွယ်လေးတွေကပါ အဆစ်ပါလေတော့..... "လှမျက်ဟန်ချီ"ဆိုသည့်နာမည်လိုက်အောင်ပင် အလွန်လှပသူဖြစ်လေသည်။သူရုပ်ရည်ကြောင့်လည်း ရွာရှိအမျိုးသမီးများသာမက အမျိုးသားများပါ ဟန်ချီကိုစိတ်၀င်စားကြသည်။ အင်း...ပြောရရင် ဘေးရွာနီးချုပ်စပ်တွေပါအဆစ်ပါသေး။

တကယ်ဆိုဟန်ချီသူ့အသွင်အပြင်နဲ့ပတ် သက်ပြီးစိတ်ပျက်ပါသည်။ယောကျ်ားလေးတစ်ယောက်အနေဖြင့် ဖေဖေ့လိုယောကျာ်းပီသတဲ့ရုပ်ရည်မျိုးသာလိုချင်မိသည်။ ခုလိုမေမေနဲ့တူနေတော့....... အထူးသဖြင့်မျိုးတူယောကျာ်းတွေရဲ့စိတ်၀င်စားမှုကိုခံရတာတကယ်မနှစ်သက်ပါ။

ခုလိုမျိုးတကောက်ကောက်လိုက်သူများရှိပေမယ့် မကြည်ဖြူမှန်းသိရင်ဆက်မနှောင့်ယှက်ရတဲ့ရွာဓလေ့ကြောင့်ရော...ဟန်ချီရဲ့မျက်နှာတည်တည်​နဲ့ဥပက္ခောပြုမှုများကြောင့်ပါ ကြာရှည်မခံ လက်လျှော့သွားကြသည်ကြီးသာ...

"အကြင်နာပိုပါသည် မောင့်ဟန်ချီ"(Completed)Where stories live. Discover now