(Uni)
Ti Ti
အိမ်ရှေ့ကွပ်ပျစ်မှာလှဲကာ အတွေးနယ်ချဲ့နေရင်း ဖုန်းမြည်သံကြောင့် အိမ်အတွင်းခန်းထဲကိုဖုန်းကိုပြေးယူကာ ကြည့်လိုက်တော့ contact
nameက " နှာဘူးကောင်" တဲ့။ ချမ်းမြေ့လည်း ဖုန်းကို accept လုပ်လိုက်ရာ ထွက်လာတဲ့ အသံဆိုးဆိုးက -"ဖုန်းတော့ကိုင်သားပဲနော်"
"အေး ဆက်မှတော့ကိုင်မှာပေါ့ လဒရဲ့"
"အော်..အေးအေး ဆက်မှပဲကိုင်သိလား မင်းဘက်ကဘယ်တော့မှစမခေါ်နဲ့ သေသွားဦးမယ်"
"အေး...ခုကဘာကိစ္စရှိလို့လဲ"
"အော်...ကိစ္စရှိမှဆက်ရမှာလား..မင်းမလဲနော်
အဘိုးရွာလေး ခဏသွားလိုက်တာနဲ့ ကိုယ်တွေကိုတောင်စိမ်းကားသွားချက်! ၀မ်းနည်းသွားပြီ အချစ်ရာ"ပလီပလာအသံနဲ့ပြောနေတဲ့ကောင်ကို အမြင်ကပ်လိုက်တာဆိုတာ အနားမှာသာရှိရင် နားပန်တွေကြီးသာ ကျင်းပစ်လိုက်ချင်သည်။
"တော်တော်..လိုရင်းကိုသာပြော"
"အေးပါ..အချစ်ကလည်းစိတ်ကြီးပဲ ...ကိုကိုတို့အခုမုံရွာကိုရောက်နေတယ်လို့ အဲ့တာအချစ်လာ
ခေါ်လှည့်ဦး""ဘာ!!"
ကျွန်တော် အားကုန်အော်ချမိပါသည်။ ဘယ်လိုလုပ်ဒီကောင် မုံရွာထိ ရောက်လာတယ်မသိ။ ဒီကောင်တောင် ရောက်လာသည်ဆို..ကျန်တဲ့သူတွေရော..?
ကျန်တဲ့သူတွေရောပါလာသေးလားဟု မေးမလို့ပြင်ကာရှိသေး တစ်ဖက်က ပလုံးပထွေးနဲ့ အလုအယက် ပြောနေကြသံလိုများထဲမှ...
" ငါပဲပြောမယ်ဆို"တဲ့ မိရွှန်းမအသံကြီးကအောင်အောင်မြင်မြင်ကြီးထွက်ပေါ်လာရာ...သိလိုက်ပါပြီ ဒီငပွေးတစ်သိုက် အုပ်စုလိုက်လာတယ်ဆိုတာ...."ဟေ့ကောင်တွေ! မင်းတို့အဖေငါအသက်ရှိသေးတယ်နော်"
စိတ်ပေါက်ပေါက်နဲ့ပိတ်အော်ပြောပြစ်လိုက်မှ တစ်ဖက်ကဆူညံနေသည်များကရပ်သွားကာ
အလွန့်အလွန် ရိုကျိုးနေတဲ့လေသံနဲ့..."ဟုတ်ကဲ့ ဖေဖေ ဒါဆို သမီးတို့ကိုအခုပဲလာခေါ်လှည့်နော် ၊ အော်...မြန်မြန်လာခဲ့ဦးနော်"
ESTÁS LEYENDO
"အကြင်နာပိုပါသည် မောင့်ဟန်ချီ"(Completed)
Historia Corta"မောင့်နာမည် ချမ်းမြေ့မောင်ပါ ဟန်ချီရဲ့စိတ်ရောကိုယ်ရောနှစ်ပါးစလုံးကိုရွှင်လန်းချမ်းမြေ့စေမယ့်ချမ်းမြေ့မောင်ပါခင်ဗျာ... ဟဲဟဲ" //ချမ်းမြေ့မောင် "ဒီမျက်နှာရူးကတော့လား...." //လှမျက်ဟန်ချီ (ကျေးလက်ဟာသလေးပါနော်။ ပေါ့ပေါ့ပါးပါးလေးပါပဲ။ကျွန်တော့်ရဲ့ပထမဆုံး...