အခန်း(၄)(Uni & Zawgyi)

4.6K 283 8
                                    


                    (Uni)

"မေမေ~~"

"အေး...သား မေမေ  မီးဖိုချောင်ထဲမှာ"

"မေမေ ဖေဖေရောဟင်"

မီးဖိုချောင်အတွင်းသို့၀င်လာကာ    အိပ်မှုန်၀ါးနဲ့မေးနေသော  သားဖြစ်သူအား  ကြည့်ရင်း ဒေါ်ခက်နွယ် ပြုံးမိပါသည်။ ဒီကလေးကရင့်ကျက်ချင်ယောင်ဆောင်နေပေမယ့်   တစ်ခါတလေ 
တကယ့်ကလေးလိုပဲရယ်။  အခုလည်းကြည့်လေ  မျက်လုံးလေးတစ်ဖက်ကိုပွတ်ရင်း  မသိမသာနှုတ်ခမ်းဆူပြီးမေးနေပုံက အိပ်ယာနိုးနိုးချင်း  အမေကိုမတွေ့တဲ့ကလေး  ဂျီကြတော့မယ့်ပုံနဲ့။

"သားဖေဖေက  ရွာတောင်က အခင်းတွေဆီသွားပြီလေကွယ်"

ဟန်ချီတို့အပိုင် လယ်ယာမြေများမှာဧက၁၀၀ကျော်မျှရှိသည်။ မြေများမှာတစ်စုတစ်စုတည်းရှိနေခြင်းမဟုတ်ပါ။  ရွာ၏ အရှေ့နောက်၊ တောင်၊ မြောက်တွင်  ဟိုတစ်စုဒီတစ်စုဖြင့် ရှိနေခြင်းဖြစ်သည်။  ရွာတောင်ပိုင်းသည် ဧက  အများဆုံးရှိသည့်   နေရာဖြစ်သည်။ ဤအပိုင်းကိုသာ  ကိုယ်တိုင်  စိုက်ပျိုး၍   ကျန်မြေကွက်များကိုတော့ နှီး(အငှား)သာထား၏။

ယခုလက်ရှိတွင်တော့ ရွာတောင်းပိုင်းရှိဧကများတွင် မူးစေ့မတ်စေ့(အညာဒေသအခေါ်) ခေါ် 
ဂန္ဓာမာပန်းအသေးများကို  စိုက်ပျိုးထားသည်။  ခါတိုင်းရက်များတွင်တော့   အလုပ်သမားများ
ဖြင့်သာ လွှဲထားလေ့ရှိပေမယ့်  ယနေ့သည် ပန်းခူးရမည့်   ရက်ဖြစ်သောကြောင့်  ဖေဖေကိုယ်တိုင်ကြီးကြပ်ရန်  သွားခြင်းဖြစ်သည်။သို့အတွက်ကြောင့်   ဟန်ချီလည်း ဖေဖေ့ကိုကူရန် လိုက်သွားလိုခြင်းဖြစ်သည်။

သို့သော် ညကတော်တော်နဲ့အိပ်မပျော်သည် ကြောင့် မနက်အိပ်ရာထနောက်ကျသဖြင့် အတူလိုက်၍မရတော့ပါ။

"အာ...ကျွန်တော်ကအတူလိုက်မလို့ကို အိပ်ရာထနောက်ကျနေတာ"

"တစ်ရက်တစ်လေနောက်ကျတာဘာဖြစ်လဲသားရဲ့  အိပ်ရေး၀အောင်အိပ်မှပေါ့ကွယ်၊   ခုလည်းသားထတာနောက်ကျတာမဟုတ်ဘူး  သားဖေဖေကိုက  ထွက်သွားတာစောတာ"

"ဟုတ်.....မေမေဘာတွေချက်နေတာလဲ သားဘာကူရမလဲ"

"ငါးကလေးအိုးကပ်ချက်နေတာ၊  ပြီးရင်မှိုကန်စွန်းကြော်မလို့"

"အကြင်နာပိုပါသည် မောင့်ဟန်ချီ"(Completed)Where stories live. Discover now