အခန်း(၁၃)(Uni & Zawgyi)

2.9K 181 2
                                    

                     (Uni)

"အာ့..စပ်..စပ်တယ်..ဖြေးဖြေး"

ထအော်သည့်ချမ်းမြေ့ကြောင့် ဟန်ချီမှာ ​ဆေးပဲဆက်ထည့်ပေးရမလို ...ဒီအတိုင်းရပ်လိုက်ရတော့မလိုနဲ့ ခြေမကိုင်မိလက်မိကိုင်မိပင် ဖြစ်နေသည်။ ထိုးကြိတ်ခံထားရတာကြောင့် ယောင်တက်လာတဲ့ ဒဏ်ရာများက ချမ်းမြေ့မျက်နှာထက် အနှံ့အပြားပင်။ ဟန်ချီ ချမ်းမြေ့အားကြည့်ရင်း အားနာမိသလို. စိတ်လည်းမကောင်းပေ။သူကကိုယ့်ကြောင့်ဒီလိုဖြစ်ရတာမဟုတ်လား။

"တအားစပ်လို့လား...တောင်းပန်တယ်နော်..ခဏ..."

ခဏဟုပြောကာ ချမ်းမြေ့မျက်နှာနားကပ်လာပြီးဒဏ်ရာတွေအား လေနှင့်မှုတ်ပေးတော့သည်။ချစ်ရသူဆီမှရသော လေငွေ့ လေးကြောင့် ချမ်းမြေ့မှာ အသက်ရှုဖို့ပင် မေ့သွားသလို....အနီးကပ်မြင်နေရသော ချစ်ရသူ၏မျက်နှာလေး​အား ဆွဲ့မွှေ့ပစ်ချင်စိတ်ကတဖွားဖွား.....တဒုတ်ဒုတ်မြည်နေသည့် နှလုံးကလည်း အပြင်သို့ဖောက်ထွက်လာချင်သည့်အလား....... ဆိုင်းသံဗုံသံတခြိမ်းခြိမ်းနဲ့  အလှူလှည့်နေရသလို......

တဒုတ်ဒုတ်နဲ့ ကျယ်လောင်စွာကြားနေရသည့် အသံကြားမှ ဟန်ချီ ကိုယ့်ကိုကိုယ်သတိထားမိသည်။ ကိုယ်နှင့် ဟိုလူနဲ့ကနီးနီးကပ်ကပ်အနေအထား.....တစ်ယောက်၏၀င်သက်ထွက်သက်အား တစ်ယောက်ခံစားမိနိုင်သည့်အကွာအဝေးပင်...

ဖြန်းကနဲပူတက်လာသည့် မျက်နှာနှင့်အတူ အမြန်နောက်သို့ဆုတ်လိုက်မိတော့သည်။ရှက်သွေးဖြာနေသည့် ဟန်ချီမျက်နှာမှာ နီဆွေးဆွေး...

"ဟို..ဒဏ်..ဒဏ်ရာက..ပျောက်သွားပြီမို့လား"

ရှက်ရှက်နှင့် မေးမိမေးရာမေးလိုက်သည်က ဒဏ်ရာပျောက်သွားပြီတဲ့လား...ဟန်ချီကိုယ့်ပါးစပ်ကိုပင်ပြန်ရိုက်ချင်မိသည်.....သေစမ်း...လှမျက်ဟန်ချီရေ သေစမ်း...!!

ချမ်းမြေ့မှာလည်း ချစ်ရသူလေးအခြေနေကိုရိပ်မိသဖြင့် မျက်နှာကပြုံးစိစိ....
ရှက်သွေးဖြာနေသည့် ချစ်ရသူလေးမှာ အလွန်ချစ်ဖို့ကောင်းသည်ကြောင့် ဆက်စချင်သဖြင့် -

"ဟန်ချီကလည်း ဒဏ်ရာတွေကခုချက်ချင်းပျောက်ရအောင် မောင်က စူပါဟီးရိုးမှမဟုတ်တာ ခွီ.."

"အကြင်နာပိုပါသည် မောင့်ဟန်ချီ"(Completed)Where stories live. Discover now