(Uni)
"ဟေ့ကောင်..ချမ်းမြေ့သောက်လေကွာ..ဘာငိုင်နေတာလဲ"
ထန်းပင်တွေကိုကြည့်ရင်း အတွေးလွန်နေ
သည့် ချမ်းမြေ့တစ်ယောက် ဟန်ငြိမ်း စကားကြားမှ သတိ၀င်လာကာ အယောင်ယောင်အမှားမှားဖြင့် တွေ့ရာထန်းရည်အိုးကိုကောက်ကိုင်လိုက်မိတော့သည်။"ဟင်...အင်း"
" ဟာ...အဲ့တာအကုန်ကြီးလေ ဘာလုပ်မလို့လဲအသိစိတ်လေးဘာလေးကပ်ဦး လဒရ
မသိရင် ဝိညာဥ်လွင့်နေတဲ့အတိုင်း..""မသိဘူးလေ..ငါ့ရှေ့လာချထားတော့...."
"တော်စမ်းပါဟာ...စိတ်နဲ့လူနဲ့မကပ်ရင်မကပ်တယ်ပေါ့...ဘာလဲ တစ်ရက်တစ်လေလေးကို မတွေ့ရမနေနိုင်ပဲလား အဲ့လောက်ရောဂါကျွမ်းနေပြီလား"
ဆရာမကြီးလေသံနှင့် ထပြောလာတဲ့ မိရွှန်းမကို ချမ်းမြေ့ မကြည့်ကြည့်သာကြည့်နေလိုက်သည်။ ၀ဏ္ဏကတော့ထုံးစံအတိုင်းဘာမှ၀င်မပြောပေ။ သူပဲအေးချမ်းပါသည်။
ချမ်းမြေ့စိတ်ထဲမေတ္တာထိုင်ပို့နေလိုက်သည်။
ခုလိုဖြစ်ရတာ ဘယ်သူ့ကြောင့်မို့လဲ။သင်း(ဒင်း) ကြောင့်ပဲလေ....မိရွှန်းအစုတ်ပလုတ်။
တကယ်တော့ ဒီနေ့ ချမ်းမြေ့ သူငယ်ချင်းတွေအား ရွာအနှံ့လိုက်ပြဖြစ်ပါသည်။ အလည်လာသည့်သူတွေဆိုတော့ မပြလို့ကလည်း မကောင်းဘူးလေ။ ဒါကြောင့် မချစ်သော်လည်း အောင့်ကာနမ်းဆိုသလို လိုက်ပြရတော့သည်။ သင်းတို့သာမရှိရင် ချမ်းမြေ့ ချစ်ရသူလေးဘေးမှာ သာယာနေရမှာ..... ခုတော့......နေ့လည်ခင်းထိ ရွာအနှံ့လျှောက်ပြလိုက်ကာညနေခင်းတော့ ချစ်ရသူလေးအား သွားကြိုမယ်ဟု တေးထားပေမယ့် မိရွှန်းမ၏-
"ရွာရောက်တုန်း ထန်းရည်သွားသောက်ရအောင်၊ညနေဘက်ဆိုပိုမိုက်တယ်" ဆိုသည့်စကားကြောင့် ခုလိုထန်းတောထဲရောက်လာရခြင်းပင်။ အစကတော့မလိုက်ဘူး ငြင်းပေမယ့် အကုန်၀ိုင်းပြောနေကြတော့ မနေသာတော့....
ချစ်ရသူရှိသွားမှ သူငယ်ချင်းတွေကို ဥပေက္ခာပြုတာလား...ဘာလားတွေ လာနေဦးမယ်ဆိုး၍ လိုက်လာရခြင်းပင်။ တကယ်ပါ ရွာကိုရောက်ကတည်းက ခြေဦးတောင်မလှည့်ဖြစ်တဲ့ ထန်းတောကို သင်းတို့ တစ်သိုက်ကောင်းမှုကြောင့်သာရောက်လာရတော့သည်။
YOU ARE READING
"အကြင်နာပိုပါသည် မောင့်ဟန်ချီ"(Completed)
Short Story"မောင့်နာမည် ချမ်းမြေ့မောင်ပါ ဟန်ချီရဲ့စိတ်ရောကိုယ်ရောနှစ်ပါးစလုံးကိုရွှင်လန်းချမ်းမြေ့စေမယ့်ချမ်းမြေ့မောင်ပါခင်ဗျာ... ဟဲဟဲ" //ချမ်းမြေ့မောင် "ဒီမျက်နှာရူးကတော့လား...." //လှမျက်ဟန်ချီ (ကျေးလက်ဟာသလေးပါနော်။ ပေါ့ပေါ့ပါးပါးလေးပါပဲ။ကျွန်တော့်ရဲ့ပထမဆုံး...