အခန်း(၁၄) (Uni & Zawgyi)

3K 175 0
                                    

                            (Uni)
  
"ဘယ်လိုဖြစ်ကြတာလဲကွာ....မင်းမျက်နှာကြီးကြည့်စမ်း လူရုပ်မထွက်တော့ဘူး"

ချမ်းမြေ့ မေးစေ့အားကိုင်ကာ ဘယ်ညာလှည့်ကြည့်ရင်းပြောနေသည့် ဟန်ငြိမ်းပင်။ မနေ့ကထိုးကြိတ်ဒဏ်ကြောင့် အညိုအမဲတွေရှိနေပေမယ့် ဟန်ငြိမ်းပြောသလောက်ရုပ်ပျက်ဆင်းပျက်ကြီးမဟုတ်။

"ဖယ်စမ်းကွာ...အဲ့လောက်လဲမဟုတ်ပဲနဲ့"

ချမ်းမြေ့ဟန်ငြိမ်းလက်အားပုတ်ချလိုက်ကာ ဘ၀င်မကျစွာပြောမိသည်။

"ဘာကို အဲ့လောက်မဟုတ်ရမှာလဲ...ဒီလောက်လူတွေ၀ိုင်းကြည့်နေကြတာ...တွေ့လား...ဘယ်နှယ့် သူများမင်္ဂလာဆောင်ကို ရုပ်ပျက်ဆင်းပျက်ကြီးနဲ့လာရတယ်လို့ နမိတ်မရှိ..နမာမရှိ.ငါသာပွဲရှင်ဆို ကန်ထုတ်ပစ်မှာ..."

ဟန်ငြိမ်း​ကလည်း လက်ညိုးကြီးတထိုးထိုးနှင့် အားကျမခံ ပြောနေလေသည်။ သူပြောသည်လည်းမမှားပေ...မင်္ဂလာဆောင်လာသည့်လူတော်တော်များများက ချမ်းမြေ့အားကွက်ကြည့်ကွက်ကြည့်နဲ့လုပ်နေကြသည်မှာ  သတိုးသား၊သတိုးသမီးထက်တောင် ချမ်းမြေ့ကလူပိုကြည့်ခံရသေးသည်။

"ချမ်းမြေ့ကသာ အညိုအမဲစွဲနေတာ ဟိုတစ်ယောက်ကတော့အေးဆေးပဲနော်"

ပြောလာသည့် မိရွှန်းစကားသံမှာ မကျေနပ်ချက်တစ်ချို့ပါသည်။ ချမ်းမြေ့သိတာပေါ့ ဒီသူငယ်ချင်းမ ကိုယ့်ဘက်ကမခံမရပ်နိုင်ဖြစ်နေတာကို..။ ဒါပေမယ့်လည်း ကိုယ့်ဒီလိုဖြစ်တာ ချစ်ရသူအမှားမှမဟုတ်တာ။ ထို့ကြောင့် -

"နင်ကလည်း...အဲ့တာသူ့အပြစ်မဟုတ်ဘူးလေ...မကျေမနပ်တွေပြောမနေနဲ့...နင့်အပြောကြီးက ငါ့ဟန်ချီကိုအပြစ်တင်နေသလိုကြီး.."

"အံမယ်လေးဟဲ့....ငါက အပြစ်တင်နေတာမဟုတ်ဘူး...နင့်လူပုံကိုကြည့်လေ အေးအေးဆေးဆေးပဲ၊ ဘာမှဖြစ်မထားတဲ့အတိုင်း..တကယ်ဆိုနင်က ကူညီထားတာလေ အနည်းဆုံးတော့ သက်သာလားဘာညာ ဂရုစိုက်သင့်တာပေါ့! "

ပြောလေ အားမရနိုင်လာလေထင်၏။ မိရွှန်းအသံမှာ အနည်းငယ်ပင်ကျယ်လာလေသည်။ ၀ဏ္ဏနှင့်သူ့ကောင်လေးကတော့ ထုံးစံတိုင်းဘာမှ၀င်မပြောပေ။

"အကြင်နာပိုပါသည် မောင့်ဟန်ချီ"(Completed)Opowieści tętniące życiem. Odkryj je teraz