အခန်း(၂)( Uni)

5.9K 314 1
                                    

                             

သူရိန်နေမင်း၏အလင်းရောင်သည် အပူရှိန်ပြင်းစွာတောက်ပလျှက်ရှိသည်။ခန့်မှန်းခြေနံနက်၁၀နာရီလောက်သာ  ရှိသေးလောက်မည်ဖြစ်ပေမယ့် နေပူမှာခဏရပ်လျှင်ပင် ချွေးဒီးဒီးကျစေလောက်မည့်  အပူရှိန်ရှိ၏။
အညာနွေသည်  အလွန်ပူပါသည်။ သို့ကြောင့်ယာခင်းထဲတွင်  ပေါင်းသင်နေသော ဟန်ချီ့ကိုယ်မှာလည်း ချွေးများဖြင့်စိုရွှဲနေပြီဖြစ် သည်။

မနက်၇နာရီလောက်မှစ၍  ရှင်းလင်းနေသည့်မြက်ပင်များမှာ ယခုထိတိုင်  ယာခင်း၏ သုံးပုံနှစ်ပုံခန့်ပင် ကျန်ပါသေးသည်။ ယာခင်းထဲတွင် ခရမ်းပင်များစိုက်ပျိုးထားခြင်းဖြစ် သည်။  သက်နုပင်ဖြစ်၍ အခြားသက်တမ်းရင့်ပင်များထက်   ပို၍ဂရုစိုက်ရသဖြင့်  မြက် ပင်ပေါင်းပင်များကိုအမြဲရှင်းလင်းရသလို မြေဆီမြေသြဇာနှင့်ရေကိုလည်း အမြဲမပျက် တိုက်ကျွေးရပါသည်။

​မြေသြဇာကိုတော့  ဓာတ်မြေသြများကိုအ သုံးပြုသည်ကရှားသည်။  မြေဆီမြေသြဇာကိုပိုမိုကောင်းစေသည့် တိရိစ္ဆာန်တို့၏အညစ်အ​ကြေးဖြစ်သော နွားချေး၊ ဆိတ်ချေး၊ သိုးချေး စသည်တို့ကိုသာ အသုံးပြုကြသည်ကများ၏။

ယခုတွင်မူ မြက်ပင်များ အနည်းငယ်ထူလာ ၍ လာရှင်းခြင်းဖြစ်သည်။ခါတိုင်းဆို  မေမေပါ အတူလိုက်လေ့ရှိပေမယ့်  ဒီနေ့တော့မေမေမအား၍  ဟန်ချီတစ်ယောက်ထဲလာခြင်းပင်။ သို့ကြောင့် အလုပ်သည်လည်း  ထင်သ လောက် မတွင်ပေ။ ဒီ့အပြင်  အလာလမ်း တွင်  ဟိုလူ လိုက်ရှုပ်နေသဖြင့် အချိန်နောက် ကျမှရောက်လာရ၍ကြောင့်ပင်။

နှဖူးမှထွက်လာပြန်သောချွေးတို့ကို လက်ဖမိုး
ဖြင့် သုတ်ဖယ်ရင်း မကျေမနပ်ရေရွတ်မိပါ ၏။ထို့နောက် လက်ကိုသာ ခက်သွက်သွက်လှုပ်ရှားစေလိုက်ပါတော့သည်။ ဗိုက်ကလည်းဆာနေပြီဖြစ်၍  အခင်းတစ်၀က်ကျိုးရင်တော့ပြန်မှရတော့မည်ဖြစ်သည်။

~       ~     ~      ~       ~       ~       ~     ~     ~

"မနားသေးဘူးလား? မောင့်ဟန်ချီရာ နေတောင်ပူလွန်းလို့ကျက်နေပြီကို"

ညီးတွားတွားဖြင့်၍ကျွန်တော်ပြောလိုက်တော့ ချစ်ရသူမျက်စောင်းကဒိုင်းကနဲကျရောက်လာပါတော့သည်။ 

"အကြင်နာပိုပါသည် မောင့်ဟန်ချီ"(Completed)Where stories live. Discover now