အခန်း(၁၅)(Uni & Zawgyi)

3.2K 187 2
                                    

                               (Uni)

နေမင်းကြီးသည် သူ၏တစ်နေ့တာလုပ်ငန်းစဥ် အား ပြီးမြောက်အောင် ထမ်းဆောင်ပြီးသည့်နောက် ထုံးစံအတိုင်း သူ၏အလင်းရောင်များအား တဖြည်းဖြည်း ပြန်ရုတ်သိမ်းနေပြီဖြစ်သည်။ ချမ်းမြေ့သည်လည်း သူ၏ နိစ္စ၀ူဓလုပ်ငန်းဖြစ်သည့် ချစ်ရသူအား ကြိုရန် ရွာဦးကျောင်းရှေ့သို့ မပျက်မကွက် ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ကိုနေထွဋ်ပြောစကားများအား  အကြိမ်ကြိမ်စဥ်းစားပြီးနောက် ဆုံးဖြတ်တစ်ခုအခိုင်မာချလာခဲ့သည်။ သူသေချာပေါက် ချစ်ရသူအား ဖွင့်ပြောရမည်။ ငြင်းခဲ့လျှင်လည်း  လက်မခံမချင်းဆက်ကြိုးစားမည်။ မျှော့တစ်ကောင် တွယ်ကပ်ရပါစေ...ချစ်ရသူ၏အချစ်ကိုတော့ရအောင်ယူမည်။ဤသည်ကား ချမ်းမြေ့ကျိန်ဆိုလိုက်သော သံဓိဋ္ဌာန်ပင်ဖြစ်သည်။

လက်တွင်ပတ်ထားသောနာရီအား တစ်ချက်ကြည့်ပြီး ရှိသမျှသတ္တိများအား မွေးမြူထားလိုက်ကာ သတိအနေအထားနှင့်နေလိုက်သည်။မကြာမီ ချစ်ရသူထွက်လာတော့မည်ဖြစ်သည်။

ချမ်းမြေ့စောင့်ပြီး ခဏအကြာတွင် ချစ်ရသူလေးထွက်လာသည်။ ကလေးတစ်သိုက်နဲ့အတူတူ ရယ်မောစွာ လျှောက်လမ်းလာသောချစ်ရသူမှာ  ပီဘိကလေးငယ်လေးလိုဖြူစင်ကာအိုအေစစ်တစ်ခုလို အေးချမ်းလှပါသည်။ ဟော ဒီက ချမ်းမြေ့မောင်ရဲ့ သက်ရှိအိုအေစစ်လေးပေါ့ဗျာ!

"ဟန်ချီ..."

ချမ်းမြေ့ခေါ်ကာ ချစ်ရသူအနားသွားလိုက်သည်။

"ဟုတ်ကဲ့...."

ပြန်ထူးလာတဲ့ ချစ်ရသူအသံမှာ ၀တ်ကျေတန်းကျေပင်။ ထို့နောက် ကလေးတစ်သိုက်ဘက်လှည့်ပြီး-

"ကလေးတို့ကောင်းကောင်းပြန်ကြနော်....လမ်းမှာ၀င်မဆော့ရဘူး ကြားလား..."      

"ဟုတ်..."

ကလေးတစ်သိုက်မှာ ချစ်ရသူအပြောအား ညီညီညာညာ ပြန်​ဖြေပြီးနောက်  ပြေးထွက်သွားကြတော့သည်။ သူ့ထက် ငါအပြိုင် ပြေးသွားကြသော  ကလေးတစ်သိုက်အား ချမ်းမြေ့ လိုက်ကြည့်လိုက်ပြီးမှ ချစ်ရသူဘက်ပြန်လှည့်ကာ စကားစမိသည်။

"အကြင်နာပိုပါသည် မောင့်ဟန်ချီ"(Completed)Where stories live. Discover now