_10_

3.3K 284 3
                                    

[UNI]


"ဒဏ်ရာကဘယ်လို​နေလဲ"

"သက်သာ​နေပါပြီ"

နှစ်ရက်​လောက်​ကောင်း​ကောင်းအနားယူပြီးချိန်တွင် နာကျင်မှုတို့သည်​လျော့သထက်​လျော့သွားခဲ့သည်။ ယခုသူသည် ​ကျားလုံတို့မောင်နှမနှင့်အတူ ငါး​ထောင်သည့်​နေရာအားလိုက်လာခဲ့ခြင်းဖြစ်သည်။

"ဘာလို့ ဟိုဘက်ခြမ်းကိုသွားမ​ထောင်တာလဲ။ အဲ့ဘက်မှာငါး​တွေပိုရနိုင်မှာကို"

"အဲ့ဘက်က ဝမ်တိုင်းပြည်ရဲ့ပိုင်နက်ထဲ​ရောက်သွားပြီကွ။ ငါတို့က ရှန်တိုင်းပြည်ရဲ့နယ်နှင်ဒဏ်​ပေးခံထားရသူ​တွေမို့ အဲ့ဘက်ကို​ခြေချခွင့်မရှိဘူး"

"ဘာလို့နယ်နှင်ဒဏ်​​ပေးခံရတာလဲ"

"လူကုန်ထန်တွေက ဆင်းရဲသား​တွေကို ကျွန်လိုဆက်ဆံတဲ့အပြင် အခွန်လည်းတိုး​ကောက်တယ်။ အသက်ပြည့်ပြီးက​လေး​တွေဆို​ ဖမ်းပြီးရောင်းစားကြလို့ မင်းကြီးကိုတိုင်စာတင်​တော့ နယ်နှင်ဒဏ်​ပေးခံလိုက်ရတာပဲ"

ဆိုလိုသည်မှာ ဘုရင်ကိုယ်တိုင်ပါဝင်​နေခြင်းဖြစ်သည်။

"အဲ့တာဘာလို့ ဝမ်တိုင်းပြည်ဆီဆက်မသွားဘဲ ဒီကြား​နေရာမှာစု​နေကြတာလဲ"

"ဘယ်သူ့အရိပ်​အောက်မှာမှမဟုတ်တာက ပို​အေးချမ်း​လို့​လေ"

ဝမ်ရိ​ပေါ်၏​မေးခွန်းများကို ​ကျားလုံကစိတ်ရှည်ရှည်ဖြင့်​ဖြေ​ပေးသည်။ ​ခြေလှမ်းများကလည်း ငါးရ​လောက်မည့်​​ ချောင်း၏တစ်နေရာဆီသွားကာပိုက်ကွန်ကိုပစ်သည်။ ဝမ်ရိ​ပေါ်ကလည်း သူ​ဘေးမှကပ်ပါလာရင်းဆက်​မေး၏။

"​အောက်​ခြေမှာလုပ်ချင်တိုင်းလုပ်​နေတဲ့သူ​တွေရဲ့​နောက်ကွယ်မှာ ဘုရင်ပါ ပါ​နေတာမဟုတ်ဘူးလား"

"မသိဘူး။ ​သေချာတာက​တော့ အဲ့က​နေထွက်လာရ​ပေမယ့် ငါတို့​ပျော်တယ်။ အ​ကြောင်းစုံမသိလိုက်ဘဲ လိုက်မလာတဲ့သူ​တွေက​တော့ အခုဘယ်လို​နေ​နေကြမလဲမသိဘူး။ နှစ်​တွေလည်းကြာပြီဆို​တော့.."

"ဆိုးရွားတဲ့​နယ်​မြေပဲ"

"ဟက်! ဒါ​တွေထားပါ! ငါ့အထင်​တော့မင်းလည်းဝမ်တိုင်းပြည်က​နေ​ရောက်လာခဲ့တာပဲဖြစ်မယ်။ ပြီး​တော့ မျိုးရိုးနာမည်ကလည်းဝမ်ဆို​တော့ တခြားဘာမှမှတ်မိတာမရှိဘူးလား"

Lord of Kings [Completed]Where stories live. Discover now