[UNI]
နှစ်သစ်ကူးပွဲတော်အတွက် နန်းတွင်း၌ ကိုယ်စီအလုပ်ရှုပ်နေကြသည်။ စားဖွယ်အစုံအလင်အတွက် တာဝန်ယူထားရသူများနှင့် နန်းတွင်းဟင်းလင်းပြင်၌ ပွဲတော်အတွက် နေရာထိုင်ခင်းပြင်ဆင်နေကြသည့်ပုံရိပ်တို့မှာ မြင်ရသူအဖို့တောင်စိတ်အိုက်စေသည်။
"ဝမ်ပေါ် ငါဘယ်လိုနေလဲ"
အပြင်အဝတ်အစားနှင့်တင့်တယ်နေသူသည် သူ့ကိုယ်သူအားမရစွာပင် ဝမ်ရိပေါ်အားထုတ်မေးလာသည်။ ရှစ်စွမ်းနှင့်အတူ နန်းပြင်ထွက်ရမည်ဖြစ်ပြီး မယ်မယ်ကြီးကိုယ်တိုင်ခွင့်ပြုပေးထားခြင်းဖြစ်သည်။
နို့စိမ်းရောင်ပိတ်သားဖြင့်ချုပ်ထားသော ဝမ်ရိချန်၏ဝတ်စုံသည် သားနားသည်ထက်ပိုသည်။ ကြည့်ကောင်းသော်လည်း ဝမ်ရိပေါ်စိတ်ထဲမှ အကြောင်းအရာတစ်ခုအား ကြိတ်လှောင်မိသည်။
နန်းပြင်မထွက်ဖူးမှန်းသိသာလိုက်လေခြင်း..
"အဆင်ပြေတယ်"
"မင်းကပိုမိုက်တာ"
ပြန်ဖြေသူ၏စကားသည်လိမ်ညာခြင်းမဟုတ်။ အမှန်တကယ်ပင် ဝမ်ရိပေါ်၏အဝတ်အစားသည် ဝမ်ရိချန်လိုအရောင်နုသည့်ထဲမပါ။ အပြာရင့်ရောင်ပိတ်သားသည် အချိုးအစားမိုက်သည့်သူခန္ဓာကိုယ်၌ လိုက်ဖက်စွာကပ်တွယ်နေသည်။ ဝမ်ရိပေါ်ကတော့ ဂုဏ်ဆာစွာမျက်ခုံးပင့်ပြ၏။
//////
ခွင့်ပြုချက်ဟူသည် တရားဝင်ပါသော်လည်း တကယ့်တကယ်က အစောင့်အရှောက်နှင့်သွားရသည်မျိုးမဟုတ်။ ဆရာတပည့်သုံးယောက်တည်းသာ။ မရောက်တာကြာပြီဖြစ်သည့်နေရာသည် ယခင်ထက်ပင် လူပိုရှုပ်သည်။
ဘေးတစ်ဖက်တစ်ချက်စီ၌တွေ့နေရသော စျေးဆိုင်ငယ်တို့သည် ပစ္စည်းစုံလင်သည်။ ဝမ်ရိပေါ်သည် ထိုဆိုင်တွေထက် နေရောင်ခပ်မှိန်မှိန်အောက်တွင် ဝင်းမွတ်ကျော့ရှင်းနေသောအသားအရေနှင့်သူ့ရှစ်စွမ်းကိုသာ ငေးကြည့်နေမိသည်။
သို့သော်သူငေးနေသည့်ကြားတွင် လာထိတွေ့သောလက်တစ်စုံသည် သူ့လက်ထဲသို့အေးစက်စက်အရာတစ်ခုအား ထည့်ပေးသည်။ ပေးသူသည် သူ၏ရှစ်စွမ်းသာဖြစ်သည်။ နားမလည်စွာပြန်ကြည့်မိလျှင် မျက်လုံးချင်းမဆိုင်ဘဲရှိသည်။ လက်ထဲထည့်ပေးခဲ့သည့်အရာကား ဓါးတိုတစ်လက်ဖြစ်၏။
YOU ARE READING
Lord of Kings [Completed]
Fanfic||220521|| ||221012|| Wang Yibo × Xiao Zhan Yizhan {BJYX} Fanfiction Prince Wang and his precious Shizun's love story.