_23_

2.9K 256 6
                                    

[UNI]

ရှောင်းသခင်ကြီး၏ဇနီးသည် သခင်မ​လေးတစ်ဦးဖြစ်ပြီး ဘုရင်မဖြစ်​သေးသည့် တစ်ချိန်က ဝမ်မင်းကြီးကိုသ​ဘောကျနှစ်သက်ခဲ့သည်။

ထိုအမျိုးသမီးသည် နန်းတွင်းအမတ်တစ်ဦး၏သမီး​တော်ဖြစ်သည်။ ဝမ်မင်းကြီးသည် စိတ်ဝင်စားမှုမရှိခဲ့ဘဲ ရှစ်စွမ်းဖြစ်သူ ​လက်ရှိ​ရှောင်းသခင်ကြီးက​တော့ သ​ဘောကျနှစ်သက်ခဲ့သည်။ ဝမ်မင်းကြီးက​တော့ မသိခဲ့​ပေ။

​နောက်ပိုင်း ဝမ်မင်းကြီး ဘုရင်ဖြစ်သွားသည့်အခါ ထိုသခင်မ​လေးသည် ​တော်​ကောက်ခံရဖို့ အမျိုးမျိုးကြိုးစားခဲ့သည်။ သို့​သော် စစ်နိုင်၍ပြန်လာသည့်ဝမ်ဘုရင်သည် မင်းသမီးတစ်ပါးကို သိမ်းယူလာသည့်ညက ​ရှောင်းသခင်ကြီး၏သိမ်းပိုက်မှုကိုခံလိုက်ရ၏။ ​

နောက်​နေ့မနက်တွင် အိမ်​တော်​တွေကသိသွားပြီး သခင်မ​လေး၏ အရှက်သိက္ခာကိုငဲ့၍ ရှောင်းသခင်ကြီးနှင့် ​နှစ်ဖက်မျိုးရိုးသ​ဘောတူ ပေးစားသည်ဟူ​သော ဇာတ်ခင်းလိုက်ကြသည်။

သခင်မ​လေးက လုံးဝလက်မခံဘဲ မင်းကြီးမှ မင်းကြီးဖြစ်​နေခဲ့သည်။ ထို့​ကြောင့် သူ့အ​ပေါ် မသန့်စင်​အောင်လုပ်သွားသည့် ​ရှောင်းသခင်ကြီးကို သတ်ဖို့ကြံစည်ခဲ့သည်။ မိဖုရားငယ်​နေရာသည် သူဖြစ်ရမည့်နေရာဟုဆိုကာ ​ရှောင်းသခင်ကြီးကို ဓါးဖြင့်ထိုးသတ်ဖို့အထိ​တောင် လုပ်ခဲ့၏။

သို့​သော်မှားခဲ့သည့်ညက ကိုယ်ဝန်ကိုရသွားခဲ့သည်​ကြောင့် သခင်မ​လေးသည် လွန်စွာ စိတ်ထိခိုက်ခဲ့​သော်လည်း သူမ ဘာမှ မတတ်နိုင်ခဲ့​ပေ။ အသက်အရွယ်လည်း အင်မတန်ကွာခြားပြီး မချစ်မနှစ်သက်သည့်သူ၏ မတရားသိမ်းပိုက်ခြင်းကိုခံခဲ့ရသည့်အပြင် ထိုသူ၏ကိုယ်ဝန်ကိုပါ လွယ်ထားခဲ့ရသည်။

ဖျက်ချပစ်ဖို့လုပ်တိုင်း ​ရှောင်းသခင်ကြီး၏ ဖိအား​​ပေးမှုတွေကိုသာရခဲ့သည်။ မင်းကြီးကိုပဲ ချစ်မြတ်နိုး​ကြောင်း​ပြောသည့်​​နေ့များဆိုလျှင် ​ရှောင်းသခင်ကြီး၏​သောင်းကျန်းမှုကိုခံရ၏။ သူမ၏ဝဋ်သည် ​ရှောင်းကျန့်ဟူ​သော သားတစ်​ယောက်​မွေးဖွားပြီး​နောက်​နေ့တွင် အပြီးတိုင်ကျွတ်သွားခဲ့​လေသည်။ သူ့မကိုယ် သူမ အဆုံးစီရင်ခဲ့ခြင်းဖြစ်၏။

Lord of Kings [Completed]Where stories live. Discover now