[UNI]
လေတဟူးဟူးသာတိုက်သောချောင်းနှင့် ဝေးလာကာ ရေသံတွေကြားနေရပြီဖြစ်သော ရေတံခွန်အနီးနားသို့ရောက်လာပြီဖြစ်သည်။ ဝမ်ရိပေါ်သည် သစ်ပင်အမြင့်တစ်နေရာပေါ်တက်ကာ ငါးထောင်ရန်အဆင်ပြေမည့် ရေတံခွန်၏ရေစီးကြောင်းတောက်လျှောက်ကိုကြည့်နေလိုက်သည်။
'သွား!.!'
'ကျွန်တော်...သေချာပေါက်အသက်ရှင်နေပါ့မယ်'
ထို့နောက် အသက်လုပြေးနေရသောသူ။ နာကျင်နေသောစိတ်အစဥ်နှင့် သွေးအလိမ်းလိမ်းဖြစ်နေသောသူ့ဒဏ်ရာ။ လမ်းမရှိတော့သည့် အဆုံးနေရာ။ ကျောပြင်ပေါ်ရောက်လာသည့် စူးနင့်သောနာကျင်မှု။ ကိုင်ရိုက်ခံလိုက်ရသလိုဖြစ်သွားသောခန္ဓာကိုယ်။
အဖြစ်အပျက်တစ်ခုချင်းစီတိုင်းသည် ဦးနှောက်ထဲသို့အစီစဥ်မကျစွာဝင်လာသည်။
"အား!"
ထိုးကိုက်လာသောခေါင်းကြောင့် လက်ဖြင့်အုပ်ကိုင်ထားရသည်။ မျက်လုံးတွေပင် ပြာဝေရသည်အထိ နာကျင်လွန်းသည်။ သတိလက်လွတ်ဖြစ်သွားသည်နှင့်တစ်ပြိုင်နက် သစ်ကိုင်းပေါ်ထိုင်နေခဲ့သည့်သူလည်း မြေပြင်ပေါ်မရှုမလှဖြင့်ခစားသွားရတော့သည်။
//////
အဝတ်အိတ်အား ထုပ်ပိုးပေးနေသောရှားခယ့်ကို ရှောင်းကျန့်ငေးကြည့်နေမိသည်။ ဤကလေးသည် သူ့အနားတွင်အချိန်ကြာမြင့်စွာအတူရှိနေခဲ့သူဖြစ်သည်။
ဝမ်ရိပေါ်မပျောက်ခင် မိဖုရားခေါင်ကြီးနှင့်တွေ့ဆုံသည့်နေ့က မိဖုရားပြောခဲ့သောစကားကို သူသတိရသွားသည်။
"ရှောင်းသခင်ကြီးက အိမ်ခြေရာမဲ့နေတဲ့ ကလေးတွေအတွက် အလုပ်နေရာဖန်တီးပေးတယ်လို့ကြားတယ်။ ကလေးတွေဆိုတာကတိုင်းပြည်ရဲ့အနာဂတ်လေးတွေပဲ။ လူမသိသူမသိ ရောင်းစားခံလိုက်ရရင်တော့ နည်းနည်းသမျောဖို့ကောင်းတာပေါ့"
ထိုကိစ္စများ၏တရားခံသည် သူတို့ ရှောင်းမျိုးရိုးသာဖြစ်လိမ့်မည်။ ကိုယ်ကျင့်တရားကောင်းမွန်လှသောရှောင်းမျိုးရိုးနှင့် သူ့ဖခင်၏ဂုဏ်သိက္ခာ အောက်ဆုံးရောက်သွားနိုင်သော အခြေအနေဖြစ်သွားလိမ့်သည်။
YOU ARE READING
Lord of Kings [Completed]
Fanfic||220521|| ||221012|| Wang Yibo × Xiao Zhan Yizhan {BJYX} Fanfiction Prince Wang and his precious Shizun's love story.