[UNI]
မြတ်နိုးရသူနှင့် အဆင်ပြေနေသည့်အချိန်တွင် အနှောက်အယှက်တွေက စဝင်သည်။ သူ့မယ်မယ်သည် ရှောင်းကျန့်နှင့်ကိစ္စကို အတည်ပြုချင်နေသည်ကြောင့် အမှန်အတိုင်းသာပြောပြလိုက်သည်။
သို့သော် နောက်ဆက်တွဲပါလာသည့်အရာများသည် ကောင်းတာတစ်ခုမှမရှိ။ ဝမ်ရိချန်ကိုလည်း သူထပ်သွားတွေ့ခဲ့သည်။ နောင်တရပါသည်ဆိုသောစကားကို ဝမ်ရိချန်ကထုတ်မပြောခဲ့သလို သူလည်း မမေးဖြစ်ခဲ့တော့ပေ။ ထိုအစား ဓါးတိုတစ်လတ် ပစ်ချပေးခဲ့၏။
အစောင့်တင်းကျပ်လွန်းသော အချုပ်ခန်းနေရာတွင် လူရုပ်ပင်မပေါ်အောင် အပြစ်ပေးခံထားရသော ဝမ်ရိချန်အတွက် ဤငရဲခန်းမှ ထာဝရထွက်သွားနိုင်မည့် နည်းတစ်နည်းသာရှိသည်။ ထိုနည်းကိုသာ ဝမ်ရိချန် အသုံးပြုချင်လျှင် ဓါးတစ်ချောင်းတော့ လိုကိုလိုအပ်လိမ့်မည်။
ဒါဖြင့်မပြီးသေး။ ချင်ချင်၏ မပြန်ချင်သေးဟူသော ပူဆာမှုကြောင့် ရက်ကြာသည်အထိမပြန်ဖြစ်ခဲ့သော ပြဿနာလည်းရှိသေးသည်။ ထိုကလေးမသည် ယန်နှင့်သွား,သွားတွေ့နေသည်မှာ ပြန်ရောက်ပြီးနောက်တစ်ရက် ကတည်းကဖြစ်၏။
ဤသည်ကို မသိသည့်မယ်မယ်က ချန်ဘုရင်ကို သားရေး၊ သမီးရေးဆွေးနွေးရာ၌ ချန်ဘုရင်သည် လူငယ်တွေသဘောဟု ကွေ့ရှောင်သော်လည်း ပါးစပ်စည်းကမ်းမရှိသည့် နန်းတွင်းသူတစ်ယောက်ကြောင့် ကိစ္စက ကြီးပြန်သည်။
သူ သိသိချင်း လက်မခံနိုင်ကြောင်းပြောသည့်အခါ ဖန်တရာထပ်နေသည့် သစ္စာဖောက်၏သားဆိုတာတွေက မယ်မယ့်ဆီမှ သတိပေးနေ၍တစ်ဖုံ၊ နောက်ဆုတ်လိုက်ဖို့တစ်လှည့်ဖြင့် နားချပြန်၏။
သူလက်မခံနိုင်။ ချင်ချင်နှင့် မျက်နှာချင်းဆိုင်ခေါ်ကာ ဒဲ့ငြင်းခိုင်း၏။ ချင်ချင်ကလည်း စိတ်ချရသည်။ ငြင်းလိုက်သည်မှာ ခါလိုက်သည့်ခေါင်းဆိုတာ ပြုတ်ထွက်သွားမည်တောင်စိုးရသည်။
ထို့နောက် နန်းတွင်းတွင် ထိုကိစ္စပြန့်နေသည်ကို ထိန်းရသည်။ အပြင်ကိုထပ်မရောက်ဖို့ ရည်ရွယ်၏။
YOU ARE READING
Lord of Kings [Completed]
Fanfiction||220521|| ||221012|| Wang Yibo × Xiao Zhan Yizhan {BJYX} Fanfiction Prince Wang and his precious Shizun's love story.