_13_

3K 304 13
                                    

[UNI]

"ခနနားမယ်"

​ဝမ်ရိချန်တို့နှင့်လမ်းခွဲကာ နောက်​​ကြောင်းပြန်လှည့်ခဲ့​သော​ရှောင်းကျန့်သည် ​ရေတံခွန်ကြီးပင်မ​ကျော်ရ​သေးခင်​တွင် နားဖို့ထပ်ပြောလိုက်ခြင်းဖြစ်သည်။ ရဲမက်​တွေသည် သူ့စကားအတိုင်း​ ရောက်​သည့်နေရာတွင်ရပ်ကာ ​ရှောင်းကျန့်အားမြင်းပေါ်မှဆင်း​စေသည်။

"မင်းတို့ ဟိုဘက်ခနသွား!"

သူ့စကား​ကြောင့်အတူပါလာ​သော ရဲမက်​တချို့သည် အချင်းချင်းမျက်နှာချင်းဆိုင်ကာကြည့်ပြီးမှ ​​ကျော​ပေးကာ ခပ်​ဝေး​ဝေးသို့သွားသည်။

အခွင့်​အရေးသည် လက်လွှတ်၍မ​ကောင်းပေ။ ​​ဘေးဘက်တွင်ရှိ​နေ​သော​ တောအုပ်ထဲ​ပြေးဝင်ကာ ​ဝေးသထက်အ​ဝေးကိုသာ​ပြေးလိုက်မိသည်။ ​တောအုပ်ဖြစ်၍ သူတို့လာခဲ့သည့်လမ်း​ကြောင်းလို​တော့ရှင်းလင်းမ​နေ​ပေ။ သစ်ပင်​တွေ ချုံ​တွေဖြင့်ကွယ်ကာ လမ်းပါ​ပျောက်သည်အထိ လည်​နေရသည်။

အနည်းငယ်အကြာတွင်​ ကြွေကျ​နေ​သောသစ်ရွက်တို့အားနင်းသံ​ကြောင့် ရဲမက်​တွေလိုက်လာပြီမှန်းရိပ်မိလိုက်သည်။ မမြင်ရ​သော်လည်း နီးလာပြီမှန်း​တော့ ခန့်မှန်းမိသည်။

​​မြေပြင်များကလည်း မညီမညာဖြစ်​နေကာ ​အရွယ်အစားစုံလင်​သောကျောက်ခဲများကလည်း ​နေရာအနှံ့တွင်ဖြစ်သည်။

"အာ့!"

​ပြေးချင်​ဇောဖြင့်​ ချိုင့်နေသော​မြေသား​ပေါ်နင်းမိကာ ခြေ​ခေါက်၍ သူလဲကျသွားသည်။ အရှိန်မနည်းသည်​ကြောင့် သူ့​ခြေကျင်းဝတ်လည်းအထိနာသွားသည်။ အ​နောက်ကိုအကဲခတ်မိလျှင် အနက်​ရောင်ဝတ်ရုံများက​ သေးငယ်စွာထင်ရှား​နေပြန်သည်။

နာကျင်မှုကိုအံတုကာ​ ​​ခြေကိုထောက်ကြည့်လိုက်ပါ​​သော်လည်း အချည်းနှီးသာ။ ဒီအတိုင်း​တော့ ပြန်ပါမသွားချင်​ပေ​။ အကူညီရ​စေမည့်တုတ်တစ်ခုခုအား မျက်စိကစားကာရှာကြည့်သည်။ သစ်ရွက်​ခြောက်များနှင့် ​သေးငယ်​သောသစ်ကိုင်း​လေးများကလွဲ မ​တွေ့ပြန်။ စိတ်ဓါတ်ပင်ကျချင်လာသည်။

Lord of Kings [Completed]Where stories live. Discover now