_5_

3.7K 325 6
                                    

[UNI]

ပိတ်ရက်မမည်သည့်​နေ့တွင် ​ရှောင်းကျန့်သည် ထူးထူးဆန်းဆန်းပင် စာသင်ရက်အားခွင့်ယူခဲ့သည်။ ပထမဆုံးအကြိမ်ဖြစ်၍ ​နေမ​ကောင်းဘူးထင်ကာ ဝမ်ရိ​ပေါ်စိုးရိမ်​နေသည်မှာအလွန်​တော့မဟုတ်။ ​နေ့တိုင်း​တွေ့​နေကျအဖြူ​ရောင်အရိပ်က​လေးအား တစ်ရက်မ​တွေ့ရလျှင် သူ့ကိုယ်တွင်းမှအလွမ်းဓါတ်​လေးသည် တရိပ်ရိပ်နှင့်ခံရခက်ပါ၏။

လှုပ်ရှား​နေ​သော ပန်းနု​ရောင်သန်းသည့်နှုတ်ခမ်း​လေးများသည် ​ငေး​မောချင်စရာ​ကောင်းသလို၊ စာအုပ်ကိုကြည့်​နေသည့် မျက်ဝန်း​လေးများကို သူထိပ်တိုက်ဆုံဖူးချင်ပါသည်။ သို့​သော် လှမ်းကြည့်လိုက်တိုင်း ခပ်စင်းစင်းမျက်​တောင်ရှည်များကဖုံးကွယ်​နေ၍ သူ့မှာအခွင့်မသာခဲ့။

မြင်ရုံဖြင့်သိနိုင်သည့်ခါးသွယ်သွယ်​လေးသည်​ပွေ့ဖက်ချင်စရာ​ကောင်းသည်။ အကြည်​ရောင်လက်သည်းခွံ​တွေနှင့်ဖြူလျသည့်လက်တစ်စုံသည် နမ်းရှိုက်ချင်စဖွယ်။ ဤသို့စွဲမက်​လောက်စရာလူသားအားမ​တွေ့ရလျှင်ကို ​နေမထိထိုင်မသာဖြစ်ရသည်မှာ အမှန်တကယ်ပင်သူ့အလွန်မဟုတ်ဟု ယူဆပါသည်။

မြတ်နိုးမိ၍ခံရ​သော အကျိုးဆက်ပင်မဟုတ်ပါလား။

အ​တွေးများကိုအဆုံးသတ်ကာ နန်းပြင်သို့ဂရုတစိုက်ထွက်လာခဲ့လိုက်သည်။ ဦးတည်ရာသည်အချစ်ရှိရာ​ရှောင်းအိမ်​တော်ဆီဖြစ်၏။ တစ်လှမ်းချင်း​လျှောက်ကာသွားသည်ထက် အလျင်လို​နေသည့်သူ့ပုံစံသည် ရှစ်စွမ်းအား​တွေ့ချင်သည့်​ဇော​ကြောင့်ပင်ဖြစ်၏။

အိမ်​တော်​ရှေ့​ရောက်လျှင် အထဲသို့ဝင်နိုင်ရင် အမြဲခုန်​ကျော်တက်​နေကျ နံရံမှခုန်ဝင်လိုက်သည်။ အထဲ​ရောက်သည့်အခါ အမြင်အာရုံနှင့်အကြားအာရုံအား အလုပ်​အမြန်​ပေးရ​တော့သည်။ တိတ်ဆိတ်​နေလွန်းသည့်ရပ်ဝန်းသည်​အေးချမ်းဖွယ်အတိ။ မြတ်နိုးရသူရှိ​နေသည်ဆိုသည့်​အ​တွေးကြောင့်လည်း ဖြစ်​ပေလိမ့်မည်။

​ရောက်ဖူးပြီးဖြစ်သည့် အ​ဆောင်​နေရာဆီထွက်လာ​ခဲ့သည့်အခါ ပုံမှန်ထက်​ခြောက်ကပ်​နေသည့်​နေရာသည် အမှန်တကယ်ပင်တိတ်ဆိတ်​နေလွန်းပါ၏။ ရှစ်စွမ်း၏အ​ဆောင်​တွင်းသို့ပြတင်း​ပေါက်မှတစ်ဆင့်​ချောင်းကြည့်လိုက်​သော် တည်ငြိမ်စွာဖြင့် စာဖတ်​​နေသည့် သူ့ရှစ်စွမ်းသည် ​ဖြာထွက်​နေသည့်နေ​ရောင်​အောက်၌ ရှုမညီးစွာ​သေ​သပ်လှပလွန်းသည်။

Lord of Kings [Completed]Where stories live. Discover now