Part-3(Uni+Zaw)

170 13 2
                                    

#Uni

   ခြံထဲတွင်အပင်ရေလောင်းပြီး ByunJonnHee အိမ်ထဲသို့ဝင်လာခဲ့သည်။အိမ်ထဲသို့ရောက်သောအခါ အကိုဖြစ်သူ ပြုံးနေသည်ကိုမြင်လိုက်သည်။

"Hyung ဘာတွေများဖြစ်လို့ အဲ့လောက်ထိပြုံးနေရတာလဲ"

"ဒီလိုပါဘဲ.... ဒါနဲ့ Joon အပင်ရေလောင်းလာတာလား"

"ဟီး..Hyung... Joon ပျင်းနေတာနဲ့ အပင်ရေလောင်းလိုက်တာပါ"

"သခင်ကြီးသိရင် Hyung အဆူခံရလိမ့်မယ် သွား အဝတ်အစားသွားလဲချည်"

"မဆူအောင် Joon ပြောပေးပါ့မယ်"

"ဟုတ်ကဲ့ပါဗျာ အခုတော့ အဝတ်အစားသွားလဲပါခမျာ"

"ဟီးးးဟုတ်ကဲ့ပါဗျာ"

အဝတ်အစားလဲရင် အိပ်ခန်းရှိရာသို့ထွက်သွားတဲ့ ချစ်ရတဲ့ညီလေးJoon ကိုကြည့်လိုက်သည်။

ညီအကိုပြောပေမယ့် သူနဲ့Joonကအဆင့်အတန်းချင်းမတူပါ။

Joon ကို သခင်ကြီးက ဘာမှမခိုင်း၊အလုပ်ဟူသည်လည်းမလုပ်ခိုင်း၊သခင်တယောက်လိုနေခိုင်းသည်။ဒီလိုနေခိုင်းသည်ဆိုသည်လည်း Joon မှာက နှလုံးရောဂါရှိတယ်။

အဲ့ဒါကြောင့် ဖြစ်မည်ထင်။ Joon သည် ထိုအိမ်၏ သခင်ဟူ၍လည်းမမှားပါ။ ကျွန်တော်နှင့်မခွဲနိုင်လို့သာ အလုပ်သမားတန်းလျားမှာ လာအိပ်ချင်းဖြစ်သည်။
____________

မီးဖိုချောင်းထဲမှာတစ်ယောက်တည်းအလုပ်ရူပ်နေသော Chanyeol ။ ညဘက်ကြီး ဗိုက်ဆာသောကြောင့် ခေါက်ဆွဲပြုတ်စားဖို့ရန်ပြင်ဆင်နေသည်။

"Hyung ... Hyung "

အိပ်နေသည့် BaekHyun ကိုနိူးနေခြင်းဖြစ်သည်။

"ဟင်..Joon ဘာဖြစ်လို့လဲ"

"Joon ဗိုက်ဆာလို့ အဲ့တာ ခေါက်ဆွဲ ပြုတ် ကျွေး"

"ဖြစ်ပါ့မလား Joon ရယ် ညဘက်ကြီး"

"ဖြစ်ပါတယ်..နော်...နော် လို့"

"ဟုတ်ပြီ..လာလာ သွားကြမယ်"

Joonသည် BaekHyun လက်ကို ဆွဲကာ မီးဖိုချောင်းရှိရာသို့ လာလိုက်သည်။သို့ပေမယ့် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် BaekHyunနှင့်အတူJoon ပါ အံ့ဩသွားစေသည်။

At Master's Command [ChanBaek]Where stories live. Discover now