#uni
နံနက်ခင်းတစ်ခုမှာ အစောကြီးထကာ မီးဖိုချောင်ထဲဝင်က နံနက်စာအတွက်ချက်ပြုတ်ဖို့ပြင်ဆင်လိုက်သည်။ သူသိပ်ကြိုက်တဲ့ အစားအစာတွေပြင်ဆင်ပေးရသည်မို့ထင်ပါတယ် ထိုကောင်လေးရဲ့မျက်နှာလေးက အပြစ်ပြောစရာမလိုအောင်ကိုး ပြုံးနေရှာတယ်။
မနက်စာချက်ပြုတ်ပြီးသည်နှင့် ထမင်းစားပွဲပေါ်မှာ အစီအရီချကာ ပြင်ဆင်လိုက်သည်။
ပြင်ဆင်ပြီး အလုပ်သမားတန်းလျားကိုပြန်ကာ ခန္ဓာကိုယ်ကိုသန့်စင်လိုက်သည်။မနက်စာစားဖို့အချိန်နီးလာပြီဖြစ်သောကြောင့် အိမ်တော်ကိုပြန်လာကာ ထမင်းစားဆင်းလာမည့် သခင်ကြီးနဲ့သခင်လေးကိုစောင့်နေလိုက်သည်။
ခဏအကြာမှာ အပေါ်ထပ်ကနေဆင်းလာသော သခင်ကြီးကိုနှုတ်ဆက်လိုက်သည်။နောက်မကြာပါ သူမြတ်နိူးရသော ကောင်လေး တစ်နည်းအားဖြင့် Park အိမ်တော်ရဲ့သခင်လေး ဆင်းလာသည်။
ထမင်းစားပွဲတွေ နေရာယူကာစားသောက်နေသော သခင်လေးဖြစ်သူရဲ့မျက်နှာကို ဘေးနားကနေရပ်ကာ မျှော်ဖူးကာကြည့်လိုက်သည်။
_မောင် ကအရမ်းကြည့်လို့ကောင်းတာဘဲ၊ တခုခုအလိုမကျသလိုဟန် မျက်ခုံးကိုကြုံ့ကာ ထမင်းစားနေသော မောင် ကလည်း တဖြန်ပြန်ကြည့်ကောင်းနေပြန်ရောပါ့လား၊ မောင် ကဘယ်လိုဘဲနေနေ တည်ကြည်ခန့်ညားပြီးကြည့်ကောင်းနေဆဲပါ_
သခင်ကြီးကတော့ ကုမ္မဏီမှာအစည်းအဝေးရှိသောကြောင့် မနက်စာစားပြီးပြီချင်း ထွက်သွားသည်။သခင်လေးဖြစ်သူသည်လည်း မကြာပါ အပြင်သို့ထွက်သွားသည်။
သူကိုယ်တိုင်မနက်စာစားကာ မီးဖိုချောင် သန့်ရှင်းရေးလုပ်ပြီး အပေါ်ထပ်သို့တက်သွားသည်။
အခန်းထဲဝင်ကာ လျှော်ရမည့်အဝတ်များကိုဝင်ယူလိုက်သည်။ခါတိုင်းမြင်တွေ့နေကျမဟုတ်သော ခုံငယ်လေးပေါ်က ဓာတ်ပုံဘောင်ငယ်လေးတစ်ခု။သူကိုင်ကြည့်မိသည်။ဓာတ်ပုံငယ်လေးထဲမှာ ပြုံးပျော်နေသော သူရဲ့ချစ်ရသော ညီလေး၊သူရဲ့ဘေးမှာရပ်နေတဲ့ မြတ်နိူးရသော အမျိုးသားလေး။
_ဒါဘယ်တုန်းကရိုက်ထားပါလိမ့်၊ငါတောင်မသိလိုက်ပါလား_
ဓာတ်ပုံလေးကိုနေရာတကျလေးပြန်ထားရင် အခန်းထဲကနေပြန်ထွက်လာလိုက်သည်။
YOU ARE READING
At Master's Command [ChanBaek]
Fanfiction#Unicode "မင်း ငါ့အနားကနေထွက်သွားဖို့မစဉ်းစားနဲ့" "ဘာလို့လဲ" "ဘာလို့ဆို မင်းက င့ါရဲ့ကျွန်လေ အဲ့တာကြောင့် သခင်ဖြစ်တဲ့ငါ့အနားမှာဘဲနေရမယ်" #Zawgyi "မင်း ငါ့အနားကနေထွက်သွားဖို့မစဉ်းစားနဲ့" "ဘာလို့လဲ" "ဘာလို့ဆို မင်းက င့ါရဲ့ကျွန်လေ အဲ့တာကြောင့် သခင်ဖြစ်တ...