#Uni
အလုပ်ကိစ္စနှင့်အလုပ်ရူပ်နေသော ParkChanYeol သည် မည်မျှပင်အလုပ်ရူပ်နေပါစေ အိမ်မှာကျန်ခဲ့သော ချစ်ရသူကိုတော့ အချိန်တိုင်းသတိရနေသည်။
ချစ်ရသူရဲ့မျက်နှာကိုမမြင်တွေ့ရတာကြာပြီဖြစ်သောကြောင့် အမြန်တွေ့ချင်နေမိ။ အရေးကြီးသော အလုပ်များကို လက်စသက်ကာ ပြန်ဖို့စီစဉ်နေသည်။
ကျန်အလုပ်များကို အတွင်းရေးမှူးဖြစ်သူထံ အပ်ခဲ့လိုက်သည်။
"အတွင်းရေးမှူး Min."
"ဟုတ်ကဲ့ CEO"
"ငါအရေးကြီးတဲ့ Project တွေ အလုပ်ကိစ္စတွေ အကုန်လုပ်ပြီးပြီ။ ကျန်တဲ့အလုပ်ကိစ္စနဲ့ Project ကို မင်း ကြည့်ပြီးစီစဉ်လိုက်"
"စိတ်ချပါ CEO ကျွန်တော် ကြည့်စီစဉ်လိုက်ပါ့မယ်"
"ဒါဆို အိမ်ပြန်ဖို့ Flight စီစဉ်ပေး။ ငါအခုချက်ချင်းပြန်မယ်"
"ဟုတ်ကဲ့ CEO"
အတွင်းရေးမှူးMin လည်း CEO Park ပြန်ဖို့ ညတွင်းချင်း Flight စီစဉ်ပေးလိုက်သည်။
===============∆
∆================="Joon ညစာစားမယ်လေ"
"တော်ပြီ Hyung , Joon မစားချင်ဘူး"
"ဘာလို့လဲ Joon ထမင်းစားမှ ကျန်းမာရေးကောင်းမှာပေါ့။"
"ဟင့်အင်း Joon မစားချင်ဘူး။"
"Joon ကပြောရခက်လိုက်တာ"
"Hyung..."
သူ့ကိုခေါ်လိုက်တဲ့အသံက တခုခုကိုတွေးပြီး ဝမ်းနည်းနေတဲ့အသံဆိုတာ သိတာပေါ့။
ဘာတွေများ ဝမ်းနည်းစရာရှိလို့လဲ Joon ရယ်။"ပြောလေ Joon။ Hyung ရှိတယ် ။"
"Yeol က Joon ကို အဆက်အသွယ်လည်းမလုပ်ဘူး"
"သခင်လေးက အလုပ်ရူပ်နေလို့ Joon ဆီ ဖုန်းမဆက်ဖြစ်တာနေမှာပါ။"
"ဟုတ်လို့လား Hyung "
"ဟုတ်တာပေါ့။ အဲ့တာကြောင့် Joon က တခြားအကြောင်းမတွေးရဘူးနော်"
ကျွန်တော် စိတ်ညစ်မှာဆိုးလို့ Hyung က ကျွန်တော်စိတ်ချမ်းသာအောင်ပြောနေတယ်ဆို ကျွန်တော်သိတာပေါ့။
YOU ARE READING
At Master's Command [ChanBaek]
Fanfiction#Unicode "မင်း ငါ့အနားကနေထွက်သွားဖို့မစဉ်းစားနဲ့" "ဘာလို့လဲ" "ဘာလို့ဆို မင်းက င့ါရဲ့ကျွန်လေ အဲ့တာကြောင့် သခင်ဖြစ်တဲ့ငါ့အနားမှာဘဲနေရမယ်" #Zawgyi "မင်း ငါ့အနားကနေထွက်သွားဖို့မစဉ်းစားနဲ့" "ဘာလို့လဲ" "ဘာလို့ဆို မင်းက င့ါရဲ့ကျွန်လေ အဲ့တာကြောင့် သခင်ဖြစ်တ...