#Uni
အလုပ်လုပ်နေရင်း ဗိုက်ဆာလာသောကြောင့် Chanyeol အောက်သို့ဆင်းလာလိုက်သည်။မီးဖိုချောင်းထဲသို့ရောက်သောအခါ ကောင်လေးတစ်ယောက် ရေသောက်နေတာကိုတွေ့လိုက်သည်။ထိုေကာင်းေလးကို Chanyeol အသံပေးလိုက်သည်။
"အဟမ်း.."
"ဟို..သခင်လေး ဘာများအလိုရှိလို့လဲ"
"ငါဗိုက်ဆာလို့ ငါ့ကိုထမင်းပြင်ပေး"
"ဟုတ်ကဲ့"
သခင်လေးဖြစ်သူဗိုက်ဆာသောကြောင့် အလျင်အမြန်ထမင်းပွဲပြင်ပေးလိုက်သည်။ထမင်းစားပြီးသည်အထိ ဘေးမှာရပ်ကာ ထမင်းစားနေသော သခင်ဖြစ်သူ Chanyeol ကို တစိမ့်စိမ့်ရပ်ကြည့်နေသည်။ကြည့်နေရင်းနှင့် BaekHyun မျက်နှာပေါ်အပြုံးပန်းလေးဖန်တီးလိုက်သည်။
__မောင် က အရင်တုန်းကအတိုင်းဘဲ ပြောင်းလဲသွားတာတခုမှမရှိဘူး__
Chanyeol လည်းထမင်းစားပြီးသောကြောင့် ရေသောက်ပြီး အပေါ်သို့တက်သွားလိုက်သည်။Chanyeol အပေါ်တက်သွားသည်နှင့် ထမင်းစားပွဲကိုသိမ်းလိုက်သည်။
_____________
အခန်းထဲတစ်ခုတွင် ပြောရရင် အလုပ်သမားတွေနေတဲ့အခန်းတစ်ခု။ညီအကိုနှစ်ယောက်စကားပြောနေကြသည်။ထိုကောင်လေးနှစ်ယောက်က ရုပ်ချင်းဆင်တဲ့ကောင်လေးနှစ်ယောက်။အကိုဖြစ်သူက ညီဖြစ်သူကိုအရမ်းချစ်သည်။ညီဖြစ်သူမှာ နှလုံးရောဂါရှိသည့်အတွက်ကြောင့် ညီဖြစ်သူကို စိတ်ချမ်းသာအောင်ထားသည်။သူကိုယ်တိုင်ကလည်း သူ့ညီကိုအရမ်းချစ်ပါတယ်။
"Hyung သခင်လေးက ဘယ်လိုလူမျိုးလဲဟင်"
"ဘာဖြစ်လို့မေးရတာလဲ Joon"
" ကျွန်တော်က သခင်လေးကိုတခါမှမမြင်ဖူးလို့မေးကြည့်တာပါ Hyung ကလည်း"
"Joon သိချင်ရင် ကိုယ့်ဘာသာစုံစမ်းလေ"
ညီဖြစ်သူရဲ့နှာခေါင်းလေးကိုညှစ်ရင်း ပြုံးပြီးပြောလိုက်သည်။
ByunBaekHyunနှင့် ByunJoonHee ညီအကိုနှစ်ယောက်သည် အမွှာညီအကို ဖြစ်သည်။အငယ်ဖြစ်သူ JoonHee သည် အသားအရည်အညိုရောင်တမ်းသည်။အကိုဖြစ်သူ BaekHyun သည် အသားဖြူသည် မိန်းကလေးတစ်ယောက်လိုလှပသည်။
YOU ARE READING
At Master's Command [ChanBaek]
Fanfiction#Unicode "မင်း ငါ့အနားကနေထွက်သွားဖို့မစဉ်းစားနဲ့" "ဘာလို့လဲ" "ဘာလို့ဆို မင်းက င့ါရဲ့ကျွန်လေ အဲ့တာကြောင့် သခင်ဖြစ်တဲ့ငါ့အနားမှာဘဲနေရမယ်" #Zawgyi "မင်း ငါ့အနားကနေထွက်သွားဖို့မစဉ်းစားနဲ့" "ဘာလို့လဲ" "ဘာလို့ဆို မင်းက င့ါရဲ့ကျွန်လေ အဲ့တာကြောင့် သခင်ဖြစ်တ...