#Uni
Park အိမ်တော်ကို ParkChanYeol ဆိုတဲ့ သခင်လေး ပြန်ရောက်တာ 1လရှိနေပြီဖြစ်သည်။
"Hyung ..Joon အပြင်သွားချင်လို့ လိုက်ပို့ပေးပါ့လား""Joon က ဘယ်သွားချင်လို့လဲ"
" ကစားကွင်းသွားချင်တယ်။ပြီးရင် Shopping ထွက်မယ်လေ"
"Joon သွားချင်ရင် Hyung လိုက်ပို့မှာပေါ့။ ဒါပေမယ့် Hyung အလုပ်ပြီးအောင်လုပ်ဦးမယ်နော်"
"ဟုတ်ကဲ့ ။ Hyung ပြီးရင် သွားမယ်နော်"
"ဟုတ်ပြီ ။အဲ့တာဆို Hyung အလုပ်လုပ်လိုက်ဦးမယ်"
ညီဖြစ်သူ အပြင်လိုက်ပို့ပေးချင်သောကြောင့် အိမ်အလုပ်များကို ပြီးအောင်လုပ်လိုက်သည်။
ရေချိုးပြီး သင့်တော်သည့်အဝတ်ကိုဝတ်ကာ Joon ကိုခေါ်ကာ အပြင်သို့ထွက်လာခဲ့လိုက်သည်။
ခါတိုင်းသူတယောက်တည်း အပြင်သွားရင်တော့ ခြေလျင်သွားသည်။အခု Joon ပါသောကြောင့် တက္ကစီကိုငှားပြီးသွားလိုက်သည်။ Joon က နှလုံးရောဂါအခံရှိတော့ နည်းနည်းလေးမျှ အမောမခံနိုင်။
_________
ကုမ္မဏီတစ်ခုမှာ ပြသာဖြစ်လို့ အစည်းအဝေးခန်းထဲတွင်ဒေါသထွက်နေသော CEO ကိုဝန်ထမ်းများအားလုံးကြောက်ကြသည်။
"မင်းတို့ အားလုံး ဒီပြသနာကို တပတ်အတွင်း ဖြေရှင်းထား။ မဖြေရှင်းနိုင်ရင် မင်းတို့အားလုံး အလုပ်ပြုတ်ပြီးသာမှတ်"
CEO ဖြစ်သူ ပြောလျှင် ပြောသည့်အတိုင်းလုပ်တက်သည်ဖြစ်သောကြောင့် ဝန်ထမ်းများ အားလုံးတုန်လှုပ်နေကြသည်။
သူပြောသည့်စကားကိုအဖြေပြန်မပေးသော ရှေ့က ဝန်ထမ်းများကြောင့် ParkChanYeol စိတ်တိုကာ အော်လိုက်သည်။
"မင်းတို့ ငါပြောတာ မကြားကြဘူးလား"
"ဟုတ်....ဟုတ်..ကျွန်တော်တို့ကြားပါတယ်"
ထိုအချိန်ဖုန်းCall တခုဝင်လာသောကြောင့် Contact Name ကိုကြည့်ကာ ParkChanYeol ပြုံးလိုက်သည်။
စောနကသူတို့ကို ဒေါသထွက်နေသော CEOနှင့်မျှ လားလားနှင့်မှမသက်ဆိုင်။
YOU ARE READING
At Master's Command [ChanBaek]
Fanfiction#Unicode "မင်း ငါ့အနားကနေထွက်သွားဖို့မစဉ်းစားနဲ့" "ဘာလို့လဲ" "ဘာလို့ဆို မင်းက င့ါရဲ့ကျွန်လေ အဲ့တာကြောင့် သခင်ဖြစ်တဲ့ငါ့အနားမှာဘဲနေရမယ်" #Zawgyi "မင်း ငါ့အနားကနေထွက်သွားဖို့မစဉ်းစားနဲ့" "ဘာလို့လဲ" "ဘာလို့ဆို မင်းက င့ါရဲ့ကျွန်လေ အဲ့တာကြောင့် သခင်ဖြစ်တ...