#Uni
Joon ဖုန်းဆက်ခေါ်ထားသောကြောင့် အိမ်တော်သို့ပြန်လာခဲ့လိုက်သည်။အပြန်လမ်းမှာ Joon ကြိုက်တဲ့မုန့်ဝင်ဝယ်လိုက်သည်။
အိမ်တော်ရောက်သောအခါ ခြံထဲမှာ အပင်ရေလောင်းနေသော BaekHyun ကိုတွေ့လိုက်သည်။
ခန္ဓာကိုယ်တချက်ချက်တုန်တက်သွားတာမြင်တော့ သူငိုနေမှန်းသိလိုက်သည်။ဒါပေမယ့် ကျွန်တော်သူ့ကိုဂရုမစိုက်အား။
Joon ဆီကိုသာအရင်ဆုံးသွားလိုက်သည်။"Joon ကိုယ်ပြန်ရောက်ပြီ။ဘယ်မှာလဲ"
"Yeol ရောက်ပြီလား"
ပြောရင်းမီးဖိုချောင်ထဲကနေထွက်တဲ့ Joon။မီးဖိုချောင်ခန်းထဲကနေထွက်တဲ့ Joon ကိုမြင်တော့ စိတ်တိုသွားသည်။သူကဘာအကြောင်းကြောင့် မီးဖိုချောင်ထဲဝင်ရတာလဲ။သူနှင့်မီးဖိုချောင်ဆိုတာ လုံးဝမသက်ဆိုင်သောအရာဖြစ်သည်။
ထိုအချိန် ခြံထဲမှာ အပင်ရေလောင်းနေသော BaekHyun ကိုမြင်ယောင်လိုက်သည်။
"Joon ဘာလို့ မီးဖိုချောင်ထဲကနေထွက်လာရတာလဲ။ဘာဖြစ်သွားသေးလဲ။ဘယ်နားခိုင်းမိသေးလဲ"
ရုတ်တရက် လက်ကိုဆွဲကာ ဟိုကြည့်ဒီကြည့် ကြည့်နေသော Yeol ကြောင့် ကျွန်တော်လန့်သွားသည်။
"BaekHyun!!!!"
အပင်ရေလောင်းနေစဉ် အိမ်တော်ထဲမှာ သူ့နာမည်ခေါ်သံကြားသောကြောင့် BaekHyun အပြေးလေးသွားလိုက်သည်။
အပင်ရေလောင်းထားသောကြောင့်မြေကြီးသည်စိုနေသောကြောင့် ခြေချော်ကာ ချော်လဲသွားသည်။လက်ကောက်ဝတ်နာသွားသည်ကိုမမှုဘဲ အိမ်တော်ထဲသို့အမြန်ပြေးဝင်လိုက်သည်။အိမ်တော်ထဲရောက်တော့ ကျွန်တော့်ကိုစိုက်ကြည့်နေသော မောင်။ မောင် ကဘာကြောင့် စိတ်တိုနေရတာလဲ။ကျွန်တော်လည်း ဘာအမှားမှမလုပ်ထားပေ။
"သခင်လေး ဘာများလုပ်ပေးရမှာလဲ"
"မင်း က ဘာကြောင့် Joon ကို မီးဖိုချောင်ခန်းထဲ ဝင်ခိုင်းရတာလဲ။မီးဖိုချောင်ကိစ္စက မင်းကိစ္စမဟုတ်ဘူးလား"
"ဟို....ကျွန်တော် ခြံထဲမှာ အပင်ရေလောင်းနေတာပါ။ ပြီးတော့..ကျွန်တော်....."
YOU ARE READING
At Master's Command [ChanBaek]
Fanfiction#Unicode "မင်း ငါ့အနားကနေထွက်သွားဖို့မစဉ်းစားနဲ့" "ဘာလို့လဲ" "ဘာလို့ဆို မင်းက င့ါရဲ့ကျွန်လေ အဲ့တာကြောင့် သခင်ဖြစ်တဲ့ငါ့အနားမှာဘဲနေရမယ်" #Zawgyi "မင်း ငါ့အနားကနေထွက်သွားဖို့မစဉ်းစားနဲ့" "ဘာလို့လဲ" "ဘာလို့ဆို မင်းက င့ါရဲ့ကျွန်လေ အဲ့တာကြောင့် သခင်ဖြစ်တ...