#Uni
ChanYeol အိမ်တော်ကိုရောက်ရောက်ချင်း မြင်တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် အံ့ဩမှင်သက်မိသည်။
"ဒါ...ဒါ...မဖြစ်နိုင်ဘူး..မဖြစ်ရဘူး..."
သူရှေ့မှာ ထောင်ထားတဲ့ဓာတ်ပုံတစ်ပုံ၊ အဲ့ပုံရဲ့ရှေ့မှာ ထိုင်ပြီးငိုသော BaekHyun ၊ပြီးတော့ ဘဘေးပတ်ဝန်ကျင်မှာထိုင်နေသောသူတွေလည်းမျက်နှာမကောင်း၊ ဧည့်ခန်းမှာထိုင်နေတဲ့ အကိုဖြစ်သူကိုကြည့်လိုက်တော့ ခေါင်းခါပြတယ်။ဒါဆို Joon က တကယ်ဘဲ...
ChanYeol ငိုင်နေရာမှ ဓာတ်ပုံရှိရာကို ချက်ချင်းပြေးကာ ဓာတ်ပုံကိုအမြတ်နိူးထိတွေ့ကာ ငိုကြွေးနေသည်။
ChanYeol ငိုနေတာကိုမြင်ပြီး BaekHyun လည်းစိတ်မချမ်းသာ၊ ချစ်ရတဲ့ညီဖြစ်သူ သို့မဟုတ် သခင်လေးရဲ့ချစ်သူ သေဆုံးရသည်မှာ သူ့ကြောင့်ဖြစ်နေသောကြောင့် သခင်လေးကိုမျက်နှာမပြဝံ့။
ဧည့်သည်တွေကိုယ်စီပြန်သွားနေပြီဖြစ်သောကြောင့် သခင်ကြီးYixing နဲ့ BaekHyun တို့နှုတ်ဆက်နေကြသည်။ ဧည့်သည်တွေ နှုတ်ဆက်ပြီး ဓာတ်ပုံရှေ့ကနေမထဘဲ အခုချိန်ထိ ထိုင်နေသော ChanYeol....
BaekHyun လည်း သခင်လေးဖြစ်သူထံသွားပြီး-
"သခင်လေး..ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော်ကြောင့်...Joon ဒီလို....."
BaekHyun စကားပင်မဆုံးလိုက်ပါ။ ChanYeol ရဲ့ဆွဲထိုးလိုက်တဲ့ဒဏ်ကိုခံလိုက်သည်။
ကျွန်တော့်ပါးပြင်ပေါ်ဆက်တိုက်ထိုးကျနေသော လက်သီးကိုမရှောင်မိ၊သခင်လေးစိတ်ကျေနပ်သည်အထိထိုးပါ၊Baekကြောင့် သခင်လေးဒီလိုခံစားနေရတာပါ။
ရုတ်တရက်ထိုးနေတဲ့လက်သီးရပ်သွားသောကြောင့် BaekHyun မျက်လုံးဖွင့်ကြည့်လိုက်သည်။
ထိုမျက်ဝန်းတစ်စုံဟာ ကြင်နာနွေးထွေးမှုမပေါ်တော့ဘဲ ရက်စက်ကြမ်းကြုတ်တဲ့မျက်ဝန်းအဖြစ်ပြောင်းလဲသွားတယ်။
ထိုမျက်ဝန်းကိုကျွန်တော်အရမ်းနှစ်သက်ခဲ့ဖူးတယ်၊အခုလည်းနှစ်သက်ဆဲပါဘဲ။
"ByunBaekHyun မင်းကို Joon ခံစားတာထက် ပိုပြီးခံစားရအောင် မင်း ကိုငါနှိပ်စက်ပြမယ်..!!!"
YOU ARE READING
At Master's Command [ChanBaek]
Fanfiction#Unicode "မင်း ငါ့အနားကနေထွက်သွားဖို့မစဉ်းစားနဲ့" "ဘာလို့လဲ" "ဘာလို့ဆို မင်းက င့ါရဲ့ကျွန်လေ အဲ့တာကြောင့် သခင်ဖြစ်တဲ့ငါ့အနားမှာဘဲနေရမယ်" #Zawgyi "မင်း ငါ့အနားကနေထွက်သွားဖို့မစဉ်းစားနဲ့" "ဘာလို့လဲ" "ဘာလို့ဆို မင်းက င့ါရဲ့ကျွန်လေ အဲ့တာကြောင့် သခင်ဖြစ်တ...