Part-6(Uni+Zaw)

222 16 3
                                    

#Uni

ငိုနေရင်း ရုတ်တရက် နှလုံးအောင့်တယ်ပြောရင်း သတိလစ်သွားတဲ့ Joon ကြောင့် BaekHyun ပြာယာခက်သွားသည်။

"Joon ..ထဦး...Joon.. Hyung ခေါ်နေတယ်လေ..Joon..!!!"

Joonကိုပွေ့ကာ အခန်းကနေ ထွက်လာခဲ့လိုက်သည်။

လက်ကဒဏ်ရာသတိမထားမိတော့။အိမ်တော်ထဲကနေ ထွက်လာတဲ့ သခင်လေးကိုတွေ့တော့ BaekHyun အကူအညီတောင်းမိသည်။

"သခင်လေး..ကူညီပါဦး..Joon သတိလစ်သွားလို့"

BaekHyun လက်ထဲမှာ Joon ကို ယူကာ အိမ်တော်ထဲဝင်သွားတဲ့ ChanYeol။ ပြီးတော့ အခန်းထဲခေါ်ပြီ ကုတင်ပေါ်တင်ကာ Family Doctor ဆီကိုဖုန်းခေါ်လိုက်သည်။

"Joon..ကိုယ်ခေါ်နေတယ်လေ...Joon။ ဘာမှမဖြစ်ပါနဲ့နော် Joon မရှိရင် ကိုယ်ရှူးလိမ့်မယ်"

ခဏအကြာမှာ Family Doctor ရောက်လာပြီး Joon ကို ဆေးစစ်မှုတွေလုပ်ပြီး ChanYeol နဲ့စကားပြောနေသည်။

"ChanYeol...Dr ပြောစရာရှိတယ်"
{Dr =Doctor}

"ဟုတ်ကဲ့ ပြောပါ Dr"

" ဒီကောင်လေး နှလုံးရောဂါရှိတယ်ဆိုတာ သိလား"

"ဟုတ် ကျွန်တော်သိပါတယ်.."

"မွေးရာပါ နှလုံးရောဂါမို့လို့ ကုသလို့မရဘူး။အဲ့တာကြောင့် ဒီကောင်လေးကို စိတ်ချမ်းသာအောင်ထားပါ"

"ဟုတ်ကဲ့"

"ဒါဆို Dr ပြန်တော့မယ်"

Dr ပြန်တော့မည်ဖြစ်သောကြောင့် BaekHyun လည်း Dr ရဲ့ဆေးအိပ်ကိုယူကာ လိုက်ပို့လိုက်သည်။
________

"Dr ကျွန်တော့် ညီလေး အခြေအနေဘယ်လိုရှိလဲ"

"ဖြစ်နိုင်ရင် စိတ်ချမ်းသာအောင်ထားစေချင်တယ်။ နှလုံးရောဂါသည်ဆိုတော့ စိတ်ခံစားလွယ်တယ်"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် Dr"

" ရပါတယ် ဒါဆို Dr သွားပြီ"

"ဟုတ်ကဲ့"

ကားမောင်းထွက်သွားတဲ့ Dr ကိုကြည့်လိုက်သည်။ပြီးနော် ပါးပေါ်မှာကျတဲ့မျက်ရည်များကိုသုတ်လိုက်သည်။ သတိမေ့နေသာ ညီလေးဆီကိုသွားရန် အခန်းဘက်သို့ဦးတည်လိုက်သည်။

At Master's Command [ChanBaek]Where stories live. Discover now