#Unicode.
အိမ်တော်တစ်ခုတွေ အလုပ်သမားများ အလုပ်ကိုယ်စီနဲ့အလုပ်ရူပ်နေကြသည်။သခင်ကြီးရဲ့ညီ ဖြစ်သူ နိုင်ငံခြားကနေပြန်လာမည်ဖြစ်သည်။သခင်လေးကိုကြိုဆိုသည့်အနေနှင့် စားသောက်ပွဲပြုလုပ်ကြမည်။
သခင်လေးသည် ငယ်ငယ်လေးကတည်းကနိုင်ငံခြားမှာနေသည်ဖြစ်သည့်အတွက် အိမ်ကအလုပ်သမားများမမြင်ဖူးကြပေ။
"သခင်ကြီး ပြင်ဆင်စရာရာရှိတာပြင်ဆင်ပြီးသွားပါပြီ"
"သေသေချာချာပြင်ဆင်ပြီးသွားပြီလား"
"ဟုတ်ကဲ့ ...။နောက်ထပ်ကျွန်တော် ဘာလုပ်ပေးရဦးမှာလဲ"
" အပေါ်ထပ်က လွတ်နေတဲ့အခန်းကိုသေချာလေးပြင်လိုက်..ပြီးတော့ ဖုန်တစက်မှမရှိစေနဲ့ သူက ဖုန်ရှိရင်မကြိုက်ဘူး"
"ဟုတ်ကဲ့ ကျွန်တော် သန့်ရှင်းရေသေချာလုပ်ထားလိုက်ပါ့မယ်"
"အင်း"
အိမ်တော်မှာ မှာကြားစရာရှိတာမှာကြားပြီး ကုမဏ္ဏီသို့ထွက်လာခဲ့လိုက်သည်။ညီဖြစ်သူပြန်ရောက်လာတော့မည်ဖြစ်သောကြောင့် ကုမဏ္ဏီမှာပြင်ဆင်စရာရှိတာပြင်ဆင်ရန်အတွက်အတွင်းရေးမှူးဖြစ်သူ Oh Sehunကို ခိုင်းလိုက်သည်။
ညီဖြစ်သူဒီကိုပြန်မလာခင် ဖုန်းဆက်ပြီးပြောထားသောကြောင့် အကိုဖြစ်သူ Yixing အနေနှင့် ညီဖြစ်သူ စိတ်တိုင်းကျစေဖို့အတွက် ဆောင်ရွက်နေရသည်။
==================================================================
ငယ်ငယ်လေးကတည်းက ခွဲလာခဲ့သည့်အမိမြေကို သူတစ်စက်မှမနှစ်မြို့ပါ။ ထိုအမိ မြေမှာပင်ဘမိဘဖြစ်သူနှစ်ယောက်လုံး ကားတိုက်မှုနှင့်သေဆုံးခဲ့ရသည်။ထိုအချိန်ကတည်း အမိမြေကိုစွန့်ခွာလာခဲ့သည်မှာ ၂၅နှစ်ပင်ရှိသည်။သူအသက်ပင် ၂၇နှစ်ရှိနေပြီဖြစ်သည်။မျက်ဝန်းနှစ်စုံကိုအသာမှိတ်ကာ အတိတ်ကပျော်ရွှင်ဖွယ်ခဲ့သည် မိသားစုလေးယောက်၏ ပုံရိပ်ကိုပြန်မြင်ယောင်နေမိလိုက်သည်။
အတွေးတွေနယ်လွန်တဲ့အချိန်မှာပင် လေယာဉ်ဆိုက်ရောက်နေပြီဖြစ်ကြောင်း လေယာဉ်မယ်များပြောကြားလာသောကြောင့် လေယာဉ်မှဆင်းကာ ခရီးဆောင်အိတ်ကို ဆွဲလိုက်သည်။
YOU ARE READING
At Master's Command [ChanBaek]
Fiksi Penggemar#Unicode "မင်း ငါ့အနားကနေထွက်သွားဖို့မစဉ်းစားနဲ့" "ဘာလို့လဲ" "ဘာလို့ဆို မင်းက င့ါရဲ့ကျွန်လေ အဲ့တာကြောင့် သခင်ဖြစ်တဲ့ငါ့အနားမှာဘဲနေရမယ်" #Zawgyi "မင်း ငါ့အနားကနေထွက်သွားဖို့မစဉ်းစားနဲ့" "ဘာလို့လဲ" "ဘာလို့ဆို မင်းက င့ါရဲ့ကျွန်လေ အဲ့တာကြောင့် သခင်ဖြစ်တ...