part 5

2.3K 165 15
                                    

Believe it or not (part 5)

ရိပေါ ရှောင်းအိမ်တော်ရောက်တာ တစ်လကျော်ကြာနေပြီ ဖြစ်တယ်...ရှောင်ကျန့်နဲ့ကလည်း တစ်လိုက်မတည့်လိုက်ဖြစ်ပေမယ့်...သိပ့်ကြီးကြီးကျယ်ကျယ် တစ်ခါမှ မဖြစ်ဖူးတာမို့ သိပ့်တော့ အခတ်အခဲမရှိ......

ဒါပေမယ့် အိမ်တော်မှာ ထူးခြားတာတွေကတော့ အမြောက်အများ အဲ့ဒါကပထမဦးဆုံးက ရှောင်ကျန့်ရဲ့ မားပင် ရှောင်ကျန့်အပေါ် ထင်သလောက်လဲ ဂရုစိုက်မူမပေးသလို ရှောင်ကျန့်က သိပ့်မခင်တွယ်....ရှောင်ကျန့် ကျန်းမာရေးနဲ့ ပတ်သတ်လျှင် ဦးရှိန်လောက်ပင် အရေးမစိုက်....မျက်နှာ ချင်းဆိုင်တုန်း ခဏပဲ သားအမိနှစ်ယောက် နွေးနွေးထွေးထွေးလေး ရှိတယ် ထင်ရပေမယ်....တစ်အိမ် ထဲ နေတဲ့ သူစိမ်းတွေလို တစ်ခါတစ်လေ စိမ်းနေကြပြန်တယ်....

ဒုတိယတစ်ခု ဦးရှိန် သူက ရှောင်ကျန့်.ပြီးရင် သူက အိမ်တော်မှာ အာဏာအရှိဆုံး...ရှောင်ကျန့်မားပင် သူကို လွန်ဆန်လေ့ မရှိ...ပြီးတော့ ရှောင်ကျန့်ဆီကို လာသမျှ company က လူတွေဆီက အစီရင်ခံစာတွေ ကို ဖက်ကြည်တက်တယ်....ဒါကို ရှောင်ကျန့်က သိပ့်မကြိုက်ချင်ပေမယ့် သူကို ကူညီ နေတာဆိုတော့ လွှတ်ထားပေးတယ်.....

တတိယ အချက်က ရှောင်ကျန့်ကို ခေါ်ပေးသမျှ သူနာပြုတိုင်းက အလုပ်ခေါ်စာနဲ့ ခေါ်ယူချင်းမျိုးမဟုတ်ဘဲ ဦးရှိန်က သာ သူအသိတွေ ကို ခေါ်ပေးတယ်.....အဲ့ဒါဘာကြောင့်လဲ အစ်အောက်မေးမိတော့ ရှောင်ကျန့်ရဲ့ အခြေအနေ အမှန် ကို.အပြင်ကို မပေါက်ကြားစေချင်လို့ပါတဲ့.....

နောက်တစ်ခု ရှောင်ကျန့်ကိုယ် ဘယ်လောက်လေးကျင့်ခန်းတွေ လုပ်ပေးပေး အရင်အတိုင်း မထူးခြားသေးဘူး....ဒါဟာလည်းလေ့ကျင့်ခန်းလုပ်တာ အချိန် မကြာသေးဘူးလို့ မှတ်ယူလို့ရပေမယ့်.....ရှောင်ကျန့်ကို ကုသပေးတဲ့ ဆရာဝန် ကလည်းတိုးတက်မူရှိအောင် ဆေးကို မပြောင်းပေးပြန်....

ပြီးတော့ ရှောင်းအိမ်တော်ရဲ့ ဝန်ထမ်း အချို့က ရှောင်ကျန်မားကို မလေးစားသလို ရှိပေမယ့် ဦးရှိန်ကိုတော့ တကယ်ကြောက်ကြတယ်....ရှောင်ကျန့်ကို တော့ တကယ်ကို စိတ်ရင်းစေတနာနဲ့ ချစ်ပေးကြသလို ဂရုစိုက်ပေးကြတယ်.....

Believe it or not Zhanyi (zsww)(completed)Donde viven las historias. Descúbrelo ahora