Believe it or not (part 14)
......ဒါဆို ရှောင်ကျန့်မင်းက သူနာပြုဝမ်နဲ့ ဘာညာ ဘာညာဖြစ်သွားပြီပေါ့
......ဟေ့ကောင် ဖုန်းလန် တိုးတိုးပြောကွာ...ဝမ်ကြားလို့ ရှက်သွားဦးမယ်
.....အမလေးကွာ သိတက်ချက်...ဒါနဲ့ လျှန်ကို မင်းဘယ်လိုလုပ်မှာလဲ
......ဟာ ဘာလုပ်ရမှာလဲ...အရင်ထဲက ငါတို့က စကျ နောက်ကျ အဆင့်ကလွဲလို့ ဘာအကြောင်းရှိလို့လဲ
......ဒါကတော့ မင်းဘတ်ကလေကွာ...လျှန်မင်ချီ ကတော့ မင်းအပေါ်အတော် တိမ်းစောင်းနေတာနော်
.....သူဘာသာ ဘာဖြစ်ဖြစ် ကွာ ငါ ဒီထဲမှာ ဝမ်ပဲ ရှိတယ်....ဝမ်တစ်ယောက်ပဲ ဒီရင်ဘတ်ကြီးက လက်ခံနိုင်တယ်....
ရင်ဘတ်ကို ပုတ်လို့ ဂုဏ်ယူဝံကြွားစွာပြောနေတဲ့ ရှောင်ကျန့်ကို ကြည်ရင်း သူငယ်ချင်း သုံးယောက် ခေါင်းအပြိုင်ခါမိတယ်....
......ဒါနဲ့ မင်းပြောပုံ အရဆိုမင်းက အတိတ်မေ့နေတဲ့ သူတစ်ယောက်ပေါ့
.....အင်း မင်းတို့ကတော့ ငါဟို မှာ ကျောင်းစတက်မှ ခင်တာဆိုတော့ ထားပါတော့ ဟိုငရှင်းကလည်း အရူးလို အတိတ် သတိရလိုက်ပြန်မေ့လိုက်နဲ့.... အဲ့လို အရူးကို ယူမယ့်သူက ရှိသေး
......ဟာဟေ့ကောင် ငါက ရူးနေတာ မဟုတ်ဘူး မတော်တဆဖြစ်ပြီး ဖြစ်တာလေ...
......ကဲပါ ထားပါ တော့ ဒါနဲ့ အခု မင်းတို့ ဆရာဝန်ပြောင်းထားတာ ထူးခြားလား
......အင်းထူးခြားမူတော့ ရှိတယ်လို့ ဆရာက ပြောတယ်.....
.....ရှောင်ကျန့် ဦးရှိန်ဖုန်းဆက်တယ် ဒီက အပြန် company ခဏ ဝင်လာပေးပါတဲ့
......အင်း မောင်တို့ အပြန် ဝင်ကြတာပေါ့
.......ရှောင်ကျန့်
.....ဟားဟား ဘာမှ မဖြစ်ပါဘူး ဗျာ ဟိုကောင် ကြွားထားလို့ ကျွန်တော် တို့ သိသင့်သလောက် သိပြီး ပါပြီ လွတ်လွတ် လပ်လပ် နေပါဗျာ
.....အာ ဟုတ်....
ရိပေါ ရှက်ရဲရဲ မျက်နှာနဲ့ ရှောင်ကျန့်ဘေးနားက ခုံနားမှာ.ဝင်ထိုင်လိုက်တယ်.....
![](https://img.wattpad.com/cover/312816817-288-k582363.jpg)