Believe it or not (part 6)
....မောင်...မောင်...မသွားပါနဲ့... ပြန်လာပါ....ဟင့်မောင်...မောင်!!...
ရိပေါ အိမ်မတ်ထဲ မှာ မောင်က ရိပေါကို ရီပြကာ ကျောခိုင်းလည်ထွက်သွားတယ်....သူဘယ်လောက်လှမ်းခေါ်လှမ်းခေါ် မောင်က လှည့်မကြည်ခဲ့ဘူး.....နောက်တော့ မောင်ရဲ့ကျောပြင်ဟာလုံးဝပျောက်ကွယ်သွားတော့ ရိပေါ မောင်ကို လှမ်းခေါ်ရင်းလန့်နိုးလာခဲ့တယ်...ချွေးတွေ စိုရွဲနေသလို မျက်ရည်တွေက လည်း ပါးပြင်မှာ စိုစွတ်နေတယ်....
.....ဒေါက်..ဒေါက်...ဒုန်း..ဒုန်း
....သူနာပြုဝမ်...တံခါးဖွင့်ပေးဦး...ကိုယ်ခေါ်တာကြားလား...အဆင်ပြေရဲ့လား ....သော့သွားယူကြစမ်းအခုချက်ချင်း
....ဟုတ်..ဟုတ်ကဲ့
ရိပေါ အခန်းရှေ့က ရှောင်ကျန်တို့ ရဲ့ အသံတွေကြားနေရပေမယ့် လူက လုံးဝနူံးချိကာ ခေါင်းတောင်မထူချင်....ကြိုးစားပြီးထလာလိုက်တယ်....
အခန်းတံခါး ရိပေါက လည်း အဖွင် ရှောင်ကျန့်က လည်း သော့ဖွင့်အဝင်နဲ့မို့ ရိပေါ ရှောင်ကျန့်ကို မျက်တောင်တစ်ခတ်မျှစာ မြင်ရပြီး သူကမ္ဘာကြီးက အမှောင်အတိ...
......ဝမ်.....သူနာပြုဝမ်
ရှောင်ကျန့် မိမိ အရှေ့ အရုပ်ကျိုးပျက်သည့်နှယ် လဲကျသွားတဲ့ ရိပေါကြောင့် စိုးရိမ်စိတ်တွေကြောင့် ဘယ်အရာကို မှ မမြင်တော့....သူလည်း wheel chair ပေါ်ကနေ ကြမ်းပြင်အောက်ကို ကိုယ်ကို လျှော့ချကာ ရိပေါကို သူလက်နဲ့ ပွေ့ကာ သူပေါင်ပေါ်တင်ထားရင်း ပါးလေးကို အသာ ပုတ်ကာ ခေါ်နေမိတယ်
....ဝမ်....ဝမ်.....အခု ချက်ချင်း ဆရာဝန် ခေါ်ကြစမ်း....
.....ရှောင်အကိုလေး စိတ်မလောပါနဲ့....ကျွန်တော်တို့ သူနာပြုဝမ်ကို မွေယာပေါ် ပွေ့တင်ပေးပါမယ်....အကိုလေးလည်း ထိုင်ခုံ ပုနိထိုင်ရအောင်ပါနော်
....အင်း....သေချာမပြီး မွေ့ယာပေါ် သူနာပြုဝမ်ကို ချပေးလိုက်
ရှောင်ကျန့် အလုပ်သမားတစ်ဦး လက်ထဲ ရိပေါ ကို ပြောင်းပေးတော့ ထိုလူက မွေ့ယာပေါ် ချပေးတယ်....ရှောင်ကျန့်ကို လည်း wheel chair ပေါ် ပြန်တင်ပေးကြတယ်....
![](https://img.wattpad.com/cover/312816817-288-k582363.jpg)
KAMU SEDANG MEMBACA
Believe it or not Zhanyi (zsww)(completed)
Fiksi PenggemarZhanyi zsww Author Grace Dan