Believe it or not (Part 18)
ရိပေါ သည်းထန်စွာ ငိုကျွေးနေသော ရှောင်ကျန်ကို ရင်ခွင်ခေါင်းလေးစေကာ အားရအောင်ငိုစေတယ်.....သူခါးကို တင်းကျပ်စွာ ဖက်ထားရင်း ခေါင်း ကို ရင်ဘတ်နား ကပ်ကာ ရင်နင့်စွာ ငိုနေတဲ့ မောင်ရဲ့ မျင်ရည်တွေက ရိပေါ အင်္ကျီ တွေကို ရွဲစေတယ်......
ရိပေါ ရှောင်ကျန့် ကျောပြင်လေးကို သာ သပ်ချပေးရင်း စိတ်ပြေအောင်လုပ်ပေးမိတယ်...
ဘယ်လိုသား မျိုးက ကိုယ်အမေကို လူမသိရှင်မကြား စျာပနခံရတာ နှစ်မြိုမည်နည်း.......ဘယ်လိုလူမျိုးက ကိုယ်အမေနေရာမှ အစားထိုးခံတစိမ်းတစ်ယောက်ရှိနေပြီး ထိုလူကို အမေလို့ ခေါ်နေမိနေရခြင်းကို သိသွားတဲ့အခါ ဘယ်လို စိတ်နဲ့လက်ခံရမည်နည်း....မိမိရဲ့ အတိတ်မေ့တယ်ဆိုတဲ့ ပျော့ကွက်ကို ကောင်းကောင်းချနင်းသွားခံလိုက်ရချင်းအပေါ် ဘယ်လောက် တောင် နာကျဥ်းမုန်းတီးလိုက်မလဲ......
ရိပေါ ရှောင်ကျန့်ကို သနားလွန်းလို့ နှစ်သိပ့်ပေးစရာ ရှာမရခဲ......
......မောင်... မောင်ရဲ့ မား အုတ်ဂူကို စုံစမ်းလာခဲ့ပေးတယ် သွားမလား မောင်
......ဟအင်း မသွားဘူး.....ဘယ်လို မျက်နှာမျိုးနဲ့ မားအရှေ့ကို သွားရမလဲ....ဒီအသုံးမကျတဲ့ သားက တစ်ခြားသူကို မားလို့ခေါ်နေမိတဲ့ အပြစ်တွေနဲ့ ဘယ်လို မားကို မျက်နှာ ပြဝံမလဲ.....ဟာကွာ....တောက်.....အားးးးးးး!!!
.......မောင်ရယ်......ဝမ်နားလည်ပါတယ် မောင်ဘယ်လို ခံစားနေရလဲဆိုတာကို.......အဲ့လို ပဲ မောင်မားလည်းနားလည်မှာပါ....မောင်ကို သူတို့က ပိရိအောင်လိမ်ထားတာရယ်...မောင်အတိတ်မေ့နေတာရယ်ကြောင့် ဆိုတာ မောင်မားသိမှာပါ....
......ဟုတ်တယ်ရှောင်ကျန့် တကယ်တမ်းပြောရမယ်ဆို....အဲ့ မင်းတို့ ရှောင်းအိမ်တော် နောက်ချမ်း မီးလောင်တယ်လို့ သတင်းကြားတဲ့နေကမင်းဆီ ဖုန်းလာတယ် မင်းစိုးရိမ်ကြီးပြီး ကျောင်းက ပြန်သွားတာ.......အဲ့မှာ ပဲ မင်းက ကားaccidence ဖြစ်တာပဲ...မင်းဆေးရုံမှာ လပေါင်းများစွာ အသက်လုခဲ့ရတဲ့ အချိန်...အဲ့လိုတွေ ဖြစ်ခဲ့တော့ သူတို့ က ကောင်းကောင်းအကွက်ချနိုင်သွားတာပေါ့..အဲနောက်တော့. မင်းက မှတ်ဥာဏ်အချို ဆုံးရူံး ခဲ့တာပဲ.....အဲ့တော့ မင်းအမှားကြီးပဲ မဟုတ်ပါဘူးကွာ... မင်းမားနားလည်မှာပါ....