အပိုင်း(၇)

4.2K 287 14
                                    

Unicode
------------

ကိုလင်းခေါ်လာတဲ့ဆိုင်ကအရမ်းကြီး မကြီးသော်လည်း အပြင်အဆင်ကတော်တော်လေးခမ်းနားသလို
လွတ်လွတ်လပ်လပ်လည်းရှိသည့်ပုံစံမျိုးပင်။
Wall art သေးသေးလေးတွေပေါ်မှာ မီးလုံးလှလှလေးတွေနဲ့ပါအလှဆင်ထားတာမလို့ လူကြီးလူကောင်းတွေအတွက်ပါအမြင်မရိုင်းပဲ လန်းလန်းဆန်းဆန်းရှိစေသည်။

"ရတု အဆင်ပြေရဲ့လား...
ရုတ်တရက်ဆိုတော့ကိုယ်လည်း reserved မလုပ်လိုက်မိဘူး"

private room တွေက အားလုံးအပြည့်ဖြစ်နေသည်မို့ သူတို့အပြင်ဝိုင်းမှာသာနေရာရသည်။
ထို့ကြောင့် လင်းဩတည်က ရတုကို အနေခက်မှာစိုးသောကြောင့်မေးလိုက်သည်။

"အဆင်ပြေတယ်ကိုလင်းရ။အရမ်းမိုက်တယ်"

ညီရတုက လက်ထဲမှာကိုင်ထားသည့် ခရင်းနှင့်ဓားကိုချကာ ပြုံးပြုံးရွှင်ရွှင်ပြောလာသောကြောင့် လင်းဩတည် မျက်နှာတွင်လည်း အပြုံးနုနုတို့ဖြစ်တည်ရသည်။

"ဒါနဲ့ရတုက ဘောလုံးပွဲတွေကြိုက်တာလား"

ရုတ်တရက်မေးလာသော ကိုလင်းကြောင့် ညီရတုမှလည်းမလုံမလဲဖြစ်သွားရသည်။သေချာပေါက်သူကြိုက်တာက ဘောလုံး‌ပွဲတော့မဟုတ်ဖူးပေါ့။

"အာ..အရမ်းကြီးတော့လည်းမဟုတ်ပါဘူး။
ဒီတိုင်းစိတ်ပြေလက်ပျောက်"

ပြောပြီးနောက် အဆင်သင့်ထည့်ပေးထားသောရေတစ်ဖန်ခွက်လုံးကို အစီငေါ်မတည့် အတင်းမြိုချလိုက်ရသည်။

"အင်း..ကိုယ်လည်းအဲလောက်မကြိုက်ဖူး။
ဒါနဲ့ မင်းမြတ်စေရာနဲ့က ကျောင်းကတည်းကသိတာကြတာလား"

"အဟွတ်...ဗျာ"

ဒီကျောင်းနတ်ဘုရားကဘာတွေသိနေတာလဲ။
တစ်ခုခုသိနေလို့လာအစ်နေတာနဲ့မတူဘူးလားလို့။
ဘားမှာတုန်းက သူတို့နှစ်ယောက်အတူတူရှိနေတာကို
တွေ့ဖူးလို့မေးတာပဲဖြစ်လောက်မှာပါ။ဟုတ်တယ်။

"မသိပါဘူး..ဒီတိုင်းတစ်ခါ၊နှစ်ခါလောက်ပဲတွေ့ဖူးတာ..ဒါနဲ့ကိုလင်းကဒီတစ်ပတ် Sunday ကျမအားဘူးဆို"

ကိုနေနိုင်ပြောသည်ကိုအမှတ်ရသွား၍အလျင်အမြန်ပင်စကားလမ်းကြောင်းလွှဲလိုက်သည်ကို ကိုလင်းက
သတိထားမိထားပုံမရပြန်ဖြေလာသည်။

Just-14 [Completed]Where stories live. Discover now