Extra cheese🧀

6K 271 12
                                    

⚠️ကလေးတို့ ကိုယ်မင်းတို့ကို Warning ပေးပါတယ်⚠️

||In this episode, including mature sence read at your own risk||

Unicode
------------

February လရဲ့ 14ရက်မြောက်သောနေ့။
ချစ်သူတွေအားလုံးပျော်ရွှင်ရသည့် အချစ်တွေအပြည့်နှင့်
ထုံမွှမ်းထားသော နေ့လေးဆိုလည်းမမှား။ဒါပေမယ့် ညီရတု
တစ်ယောက်သာ သူ့ရဲ့ No.14 လေးက oversea ပွဲစဉ်ကြောင့် အနားမှာ ရှိမပေးနိုင်သဖြင့် လူကအလုပ်လုပ်နေရသော်လည်း မနက်ကတည်းက တစ်ယောက်ထဲ ယောင်တောင်ပေါင်တောင်။ ကူးကူးကလည်း သူ့ဘဲကြီးနဲ့အတူလိုက်သွားသည်။အက်ဖ်အေမ ဆုသီကလည်း ဖမ်းလို့မရ။

ရည်းစားမဖြစ်ခင်တုန်းကဖြင့် မင်းမြတ်စေရာသွားသည့်နောက် တစ်ကောက်ကောက်လိုက်ကာ မှတ်တမ်းတင်နိုင်ပေမယ့် အခုဆိုမလိုက်အားတဲ့ ပွဲတွေကများနေပြီ။
ပြီးခဲ့တဲ့ တစ်ခေါက်တုန်းကလည်း စာမေးပွဲနဲ့မို့ မလိုက်ရ။
အခုကျတော့လည်း မေမေ့ရဲ့ ဟိုတယ်အသစ်ဖွင့်ဖို့ သူကပဲ
ဦးစီး ဦးဆောင်လုပ်နေရတာမို့ မလိုက်အားတော့ပေ။

တစ်ကယ်ဆို ဒီနေ့ပြန်ရောက်သင့်ပေမယ့် အဖွဲ့ချုပ်မှာ
အရေးကြီးကိစ္စရှိလို့ဟုဆိုကာ ပြန်မရောက်လာနိုင်တော့တာဖြစ်သည်။မနက်ခင်းအိပ်ယာထတုန်းကတော့ ချောကလက်
မှာပေးရမလား၊ဘာလားနဲ့ မက်ဆေ့ခ်ျပို့လာသေးပြီး အခုညနေရောက်တဲ့ အထိ ဘာစာမှပင်မလာတော့။

ချောကလက် တကူးတက မှာပေးရအောင် သူကမိန်းကလေးမလို့လား!ဒီလူအချိုးကိုမပြေဘူး။အမြင်ကပ်ကပ်နဲ့ သူ့တိုက်ခန်းကို ဇောက်ထိုးဖြစ်အောင်ကိုသွားလုပ်ပစ်ဦးမယ်။

ရတုအလုပ်ထဲကအပြန် အိမ်ကိုမပြန်တော့ပဲ မင်းမြတ်တိုက်ခန်းကိုသာ ထွက်လာခဲ့လိုက်သည်။

ကြည့်နေ...ခင်ဗျား! Face time ခေါ်ပြီးကို ကလိကလိဖြစ်အောင်လုပ်ပေးလိုက်မယ်။

အချိန်ကား ည (၉)နာရီခွဲ....။

ညီရတုကကြိမ်းဝါးထားသော်လည်း ကိုယ်ယောင်ဖျောက်နေသောသူ့ရည်းစားသည် ရတုညစာစားပြီးသည်အထိ
မည်သည့်နည်းနဲ့မှ ဆက်သွယ်လို့မရပေ။ ရတုလည်း အဆက်အသွယ်လုပ်လို့မရသည့်ဖုန်းကို ဆိုဖာပေါ်ပစ်တင်ခဲ့လိုက်ရင်း သူ့စိတ်အလိုမကျ‌မှုတွေကိုပျောက်သွားအောင်
ရေမိုးချိုးဖို့ ပြင်လိုက်သည်။

Just-14 [Completed]Where stories live. Discover now