အပိုင်း(၂၁)

4.3K 241 1
                                    

Unicode
-----------

ညနေ (၆) နာရီခန့်အချိန်က မမှောင်သေးသော်လည်း
နေနတ်သားကတော့ သူ့ရဲ့ခန့်ညားလှတဲ့
ရောင်ဝါတွေကိုရုတ်သိမ်းသွားခဲ့ပြီဖြစ်သည်။

ထိုအရာကို အကြောင်းပြလျက် မင်းမြတ်စေရာကတော့
သူ့ကောင်လေးကိုအိမ်မပြန်ရန် အမျိုးမျိုးဂျီကျနေသည်။

ကျောပိုးအိတ်ကိုတောင်ကောက်လွယ်ထားပြီးဖြစ်တဲ့
ရတုက ကလေးလို အတင်းဆွဲဖက်ထားတဲ့
ရည်းစားကြောင့်နည်းနည်းလေးတောင်ရွေ့လို့မရ။

"ခင်ဗျားကိုပြောနေတယ်..လွှတ်တော့လို့"

နှစ်ယောက်တည်းရှိတဲ့ဧည့်ခန်းကျယ်ထဲမှာ ရုန်းရင်း
ဆန်ခတ်သံတွေသာ ဆူညံလို့နေသည်။
မင်းမြတ်စေရာက လုံးဝလွှတ်မပေးသလို
ညီရတုကလည်း အားကုန်သုံးရုန်းနေသည်။

"မှောင်တော့မှာ မပြန်နဲ့တော့လို့ စိတ်မချဘူး"

"အပိုတွေပြောမနေနဲ့၊ ညသန်းခေါင်မှလည်း
ကျွန်တော်အိမ်ပြန်ဖူးတယ်"

မင်းမြတ်စေရာကတော့ အရေးမလုပ် ‌လက်နှစ်ဖက်နဲ့
သာမက ခြေထောက်နှစ်ဖက်နဲ့ပါ ချုပ်ထားသည်။
မိခင်ပျောက်သွားမှ ကြောက်တဲ့ က‌လေးငယ်အလား။

ဒီလူ့ကို အရင်က ရင့်ကျက်တဲ့ယောက်ျားလို့ထင်ခဲ့
ပေမယ့် အခုတော့မဟုတ် ကလေးဆိုး,ဆိုးနေသည်။

ရည်းစားတော်ထားမိတာလား သားမွေးစားမိတာလား
ပင်ညီရတုလည်းမသိတော့။

နှစ်ယောက်သား အားပြိုင်နေကြရင်း ရုတ်တရက်
ထမြည်လာသော ဖုန်းသံကြောင့် ရပ်လိုက်ကြသည်။
အသံလာရာကိုကြည့်လိုက်တော့ ဖန်စားပွဲပေါ်မှာ
တင်ထားတဲ့ မင်းမြတ်ဖုန်းထံမှ ဖြစ်သည်။

"ကိုင်လိုက်လေ ဟိုမှာဖုန်းကကျတော့မယ်"

ထိုအခါမှ ရတုကိုဖက်ထားတာကိုလွှတ်ပြီး
စားပွဲပေါ်က ဖုန်းကိုလှမ်းယူ၏။
ချုပ်ထားတဲ့ ခြေထောက်နှစ်ဖက်ကတော့ဖယ်မပေး။

အနားရောက်လာသောဖုန်းရဲ့မျက်နှာပြင်ကို
ကြည့်မိတော့ ဟန်နီဘုန်းချို ဆိုတဲ့ contact name
ကိုတွေ့ရသည်။

Just-14 [Completed]Where stories live. Discover now