အပိုင်း(၉)

4.1K 268 0
                                    

Unicode
------------

အင်္ကျီအသစ်ပြန်လဲပြီး ရတု toilet ထဲကထွက်လာတော့ မင်းမြတ်စေရာက မေဂျာဆောင်ရှေ့က ခုံတန်းလေးမှာ အေးအေးလူလူထိုင်စောင့်နေဆဲဖြစ်သည်။
ပြန်လာတုန်းက ထိုလူသားရဲ့ပုံရိပ်ကိုမှတ်မိနေပါသေးသည်။ ကွင်းထဲမှာအသည်းအသန်ကစားခဲ့ရသလိုမျိုး
နားထင်တစ်လျှောက်မှာချွေးတွေစို့နေကာ ပိုလို့ပင်ဆွဲဆောင်မှုရှိနေပါသေးသည်။

"အဟမ်း..ကျွန်တော်ကခင်ဗျားပြန်သွားလောက်ပြီ
ထင်နေတာ"

"အင်္ကျီကရတုနဲ့လိုက်သားပဲ..
ဆင်တူတာရှာပေမယ့်မတွေ့လို့အရောင်တူတာပဲ
ယူလာလိုက်တာ"

ရတုက အပေါ်အင်္ကျီကိုလက်ကကိုင်ထားတာဖြစ်သည်မို့
အဖြူရောင်အင်္ကျီက မြင်နေရသည့် ရတုရဲ့ ဖြူနှစ်နှစ် အသားရောင်လေးကြောင့် လင်းထင်းနေသည်။

ရတုကတစ်ခြားပြောပေမယ့် သူကတော့သူဝယ်လာသည့်
အင်္ကျီပေါ်မှာသာအာရုံအပြည့်ရောက်နေသည်မို့
ရတုလည်းအင်္ကျီကိုအလိုလိုအကြည့်ရောက်မိသွားသည်။
သူဝယ်လာပေးတာက ရတုဝတ်နေကျ Teeတစ်ထည်ပါပဲ။အဖြူရောင်ဖြစ်ပြီး အလယ်တည့်တည့် ရင်ဘက်နေရာမှာ "You" ဆိုသည့် စာလုံးသေးသေးတစ်ခုသာပါသည်။

"ကျွန်တော်ဝတ်နေကျပါပဲ..။
ဟို...ခင်ဗျားကိုဘယ်လောက်ပြန်ပေးရမလဲ"

နှစ်ယောက်သား မင်းမြတ်စေရာကားရပ်ထားရာနေရာအထိတစ်ဖြည်းဖြည်းသာလျှောက်လာခဲ့ကြသည်။ဟိုအမြွှာနှစ်ယောက်ကလည်း ဘယ်ကိုလစ်လို့လစ်သွားမှန်းမသိတာမို့
ရတုလည်း ပထမအတန်းချိန်ကိုလွှတ်လိုက်ပြီး မင်းမြတ်စေရာပြန်ဖို့ကို လိုက်ပို့ပေးနေခြင်း။ဘေးချင်းယှဉ်လျှောက်မှ
မင်းမြတ်စေရာက သူ့ထက်အရပ်ရှည်တာ နည်းနည်းမဟုတ်ဖူးမှန်းသတိထားမိလိုက်တော့သည်။စကားပြောရင် ရတုလည်ပင်းနည်းနည်းလိမ်ပြောနေရတာမို့ ရှေ့ကိုကြည့်ရင်းသာပြောတော့သည်။

"ဘာ..မလိုပါဘူးကွ။ အင်္ကျီလေးတစ်ထည်ပဲကို..."

"အဲ့ဒါကျတော့...."

ညီရတုရဲ့ အင်တင်တင်နဲ့ မျက်နှာပေးလေးက သူ့မျက်လုံးထဲမှာတော့ ဘယ်သူနဲ့မှမတူပဲ တစ်မျိုးလေးကြည့်ကောင်းနေသည်။

Just-14 [Completed]Where stories live. Discover now