Unicode
------------ရည်းစားရသွားတဲ့ခံစားချက်ကိုသိကြလား။
အဲ့ဒီရည်းစားကကိုယ်ငေးကြည့်လာရတဲ့သူ
ဖြစ်နေဦးမယ်ဆိုရင်ရော။ညီရတုရဲ့တစ်နေ့တာက မနက်ခင်းအစမှာကတည်းက
ပန်းနုရောင်ပါးပါးလေးခြယ်ကာအေးမြလတ်ဆတ်တဲ့
ခံစားချက်မျိုးကိုပေးစွမ်းနေသည်။ကိုယ်လက်သန့်စင်ပီးထွက်လာတော့
"Fresh Morning *white heart"ဟုပို့ထားသော
မက်ဆေ့ခ်ျလေးကိုreply ပြန်လိုက်ပြီး
ညအိပ်ဝတ်လဲဖို့ပြင်လိုက်သည်။မနက်ခင်းပြေးဖို့အတွက် ပေါ့ပေါ့ပါးပါးအားကစားဝတ်စုံကို
သေချာရွေးနေရင်း ခပ်တိုးတိုးဖွင့်ထားသော
Lemonade ukulele version ကိုပါ
လိုက်ညည်းနေ၏။သေချာပေါက် ညီရတုရဲ့
မျက်နှာကြည်ကြည်လေးသည်လည်း ပြုံးရောင်သန်း
နေပါသေးသည်။သီချင်းတစ်ပုဒ်သာဆုံးသွားပေမယ့် အဝတ်ရွေးနေသော
သူက ဗီရိုရှေ့မှ မတ်တပ်ရပ်လျက်သားပဲရှိသေးသည်။နေလာတဲ့ဘဝတစ်လျှောက်လုံး မျက်လုံးထဲတွေ့ရာ
ဆွဲဝတ်လာတာကို အခုမှ ရွေးရလာခက်နေရော။အကုန်ကြိုက်လို့ဝယ်ထားပေမယ့် အခုမှ ဟိုဟာနဲ့မလိုက်၊
ဒီဟာနဲ့မလိုက်ဖြစ်နေရသေးသည်။နောက်ဆုံးမှာတော့ နို့စိမ်းရောင် ဟူဒီအပါးလေးကိုသာ
ရွေးလိုက်ပြီး addidas သုံးကြောင်းဘောင်းဘီအနက်
ရောင်နှင့်သာတွဲဝတ်လိုက်တော့သည်။ဆံပင်ကိုလည်းသေချာပုံသွင်းကာ headband
အဖြူလေးကိုပါ နဖူးပေါ်ကိုသေချာစွပ်ကာမှန်ထဲကြည့်
လိုက်တော့ ခပ်ချောချောမျက်နှာလေးကအထင်းသား။မလုံမလဲ ချောင်းတစ်ချက် ဟန့်လိုက်ရင်း ဖုန်းကို
ယူကာ အခန်းပြင်သို့ထွက်လာလိုက်သည်။မျက်နှာထက်ကအပြုံးကတော့ တော်တော်နှင့်ဖျောက်
လို့မရသေးတာမို့ ဒီတိုင်းသာထားလိုက်တော့သည်။သူ့မျက်နှာလေးကြည့်တဲ့လူတိုင်းအေးချမ်းသွားတော့
လည်း ကုသိုလ်ရတာပေါ့။ဘောင်းဘီအိတ်ထဲလက်ထည့်ကာ သီချင်းညည်းရင်း
လှေကားပေါ်ကနေမြောက်ကြွမြောက်ကြွဆင်းလာတော့
ဘုရားဝတ်ပြုဖို့တက်လာတဲ့ မေမေနှင့်မှတည့်တည့်တိုး
တော့သည်။