အပိုင်း(၈)

4.2K 275 5
                                    

Unicode
------------

ညီရတုတို့မေဂျာအဆောက်အအုံနှင့်နီးသော
ကန်တင်းတွင်ဖြစ်သည်။မနက်စာအိမ်ကစားလာခဲ့ကြသော်လည်း ထုံးစံအတိုင်းကျောင်းရောက်တာနှင့်
ကန်တင်းထိုင်လိုက်ရမှဆိုတဲ့ အကျင့်ကဖျောက်မရ။

အစားအသောက်ဗန်းသွားယူလာကာ ရတု ထိုင်ကာစရှိသေး ဆုသီမှ အရေးတကြီးအမူယာဖြင့်မေးလာသည်။

"ကဲ !ပြောပါဦး ။
ကိုကြီးနဲ့အခြေနေလေး"

"ဘယ်ကိုလဲ၊ဘယ်ကကိုကြီးလဲ"

ရတုသည် ဟမ်ဘာဂါကို လက်နှင့်ယူကာကိုက်ဖို့ပြင်ပြီးမှ
ဆုသီစကားကြောင့် ပြန်ချကာမေးလာသည်။

"အံမယ်..ခုမှမသိချင်ယောင်မဆောင်နဲ့။
နင့်ရဲ့ တစ်ဦးတည်းသော မင်းမြတ်စေရာနဲ့ပေါ့ဟဲ့"

ဆုသီသက်ဇော်ကပြောလာတော့ ကူးကူးကပါ
ဟုတ်တယ်ဟူသောအဓိပ္ပာယ်ဖြင့်ခေါင်းကိုတစ်ဆက်ဆက်ညိတ်ပြလာပြီးသူပြောလာမှကိုစုံထောက်စစ်သလိုမျက်လုံးတွေနှင့်စိုက်ကြည့်နေကြသည်။

"ဘာအခြေအနေမှမရှိဘူး။ရှိစရာလည်းမရှိဘူး"

ရတုမှ ရှေ့မှာရှိနေသော Ice Coffeeကို တစ်ချက်စုပ်သောက်ရင်း ဘာမှအရေးမပါသလိုမျိုးပြောလာသည်။

"မလျှိုနဲ့နော်သားကြီး။ ဘားမှာတုန်းကအတူတူရှိနေတဲ့သတင်းအတိအကျရထားပြီးသား"

"ဟုတ်တယ်နော်။နင့် ig accကိုပါ follow
လုပ်သွားမှန်းတွေ့ပြီးသွားပြီ"

သတင်းကအဲ့လောက်တောင်မြန်တာလား။

"မင်းတို့နှစ်ယောက်ကိုဘယ်သူပြောတာလဲ"

"နင်တို့အဖွဲ့ထဲက မောင်လေးက ကိုမင်းမြတ်အကြောင်းပြောနေရင်းနင့်နာမည်ပါကြားလိုက်
တော့သေချာမေးထားလိုက်တာ ဟဲဟဲ"

"အဲ့တော့ သားကြီးအခြေအနေက.."

"ဘာမှမရှိဘူး...ဒီတိုင်းအသိမိတ်ဆွေလိုမျိုးပဲ"

ဒီတိုင်းလေးပဲကောင်းတယ်မဟုတ်လား။မရေရာတဲ့ခံစားချက်‌တွေကြောင့် ရတုကိုယ့်ကိုကိုယ်လည်း
ပြန်မဆန်းစစ်ချင်ပါ။ဒီ့ထက်ပိုပြီးလောဘကြီးမိသွားရင် နာကျင်ရမှာသူပဲဖြစ်သည်မို့။

Just-14 [Completed]Where stories live. Discover now