အပိုင်း(၁၃)

4.1K 274 5
                                    

Unicode
------------

Final Winထားလို့ ပျော်နေရမည့်အစား ဘာကြောင့်
မှန်းမသိ မင်းမြတ်စိတ်တို့ကမကြည်မလင်ဖြစ်နေသည်။
အဖွဲ့ချုပ်ကကျင်းပပေးသည့် party တွင် အားလုံးက
အသားကုန်ကဲနေကြပေမယ့် သူတစ်ယောက်ထဲသာ
ငုတ်တုတ် အရက်တွေသာ တစ်ခွက်ပြီးတစ်ခွက်ထိုင်မော့
နေသည်။

IG မှာ ညီရတုအကောင့်က active ဖြစ်လာတာ
မြင်လိုက်မှ စိတ်တို့ကပိုလို့နောက်ကျိသွားသည်။
ညနေက ထိုကောင်လေးထံမှ စာပို့လာပေမယ့် သူပြန်မပို့မိ။
အခုလည်း story ကိုထပ်ကြည့်မိပြန်သည်။ပုံထဲတွင်
ညီရတုကတစ်ကယ်ပြုံးပျော်နေလေရဲ့။သူစိတ်မကြည်တာ
ဒါကြောင့်လား။ကိုယ့်ကိုယ်ကိုယ်ပြန်မေးခွန်းထုတ်မိသည်။

ညီရတုတစ်ခြားတစ်ယောက်နဲ့ပြုံးပျော်နေတာကိုမြင်ရတာကိုသူမကြိုက်တာဖြစ်ကြောင်း ကိုယ့်ကိုယ်ကို သိသွားတော့ဘယ်လိုနားလည်ရမှန်းမသိတော့။ညီရတုနဲ့ကျမှ သူမလုပ်ဖူး
တာတွေပါလုပ်ခဲ့ပြီး မခံစားဖူးတာတွေပါ ခံစားနေရသည်။
သူ့လိုယောက်ျားတစ်ယောက်ဖြစ်တဲ့ ကောင်လေးအပေါ်ကိုလေ။မိန်းကလေးတောင် ဟန်နီဘုန်းချိုတစ်ယောက်တည်း
ပဲပတ်သတ်ခဲ့ဖူးတာဖြစ်သည့်သူက ယောက်ျားတစ်ယောက်
ကို သဘောကျနေတာ ဖြစ်နိုင်ပါ့မလားလေ။

ထိုစဉ် Twitter မှ နိုတီဝင်လာတာကြောင့် ဝင်ကြည့်လိုက်တော့ @just 14ကပုံတင်လာတာဖြစ်သည်။ပုံမှန်ဆို
ပွဲပြီးတာနဲ့ တန်းတက်လာတတ်သည့် fansite က ဒီတစ်ခါ
တော့နည်းနည်းနောက်ကျကြောင်းသူသတိထားမိလိုက်သည်။

tweetလုပ်လာသည်က low equality ဖြစ်နေသော
ပုံလေးတစ်ပုံမှ တစ်ပုံတည်း။ကြည့်ရသည်မှာ ကင်မရာ
နဲ့ရိုက်ထားတာဟုတ်ပုံမရပေ။ထူးထူးခြားခြား "you're the best"ဆိုတဲ့ captionပါထည့်ရေးထားသည်။
ပုံကိုသေချာကြည့်မိတော့ မင်းမြတ်စေရာနဲ့ eyes contact ဖြစ်နေသည်။သူသည်ထိုနေရာကိုစူးစိုက်ကြည့်
နေသည့်ပုံဖြစ်သည်။

"What?"

သူသေချာမှတ်မိပါသည်။ပွဲစဉ်တစ်လျှောက်လုံး
သူပရိတ်သတ်ဘက်ကိုကြည့်ခဲ့တာ ဟိုကောင်လေးဆီကို
ပဲဖြစ်သည်။ဒီ Fansite က ညီရတုများဖြစ်နေမလား
ဆိုသည့် အတွေးတွေကရပ်လို့မရတော့။စိတ်လှုပ်ရှားလွန်းတာကြောင့်လက်ဖျားတွေပါမသိမသာအေးစက်လာရသည်။

Just-14 [Completed]Where stories live. Discover now