အပိုင်း(၁၀)

4.2K 271 9
                                    

Unicode
------------

အချိန်ကား ည (၉)နာရီခွဲ..။
နေ့လည်ကတည်းက ဖိုင်နယ်အတွက် ကြိုးစားလေ့ကျင့်
နေရတာဖြစ်သည်။ရက်ကတစ်ဖြည်းဖြည်းနီးလာတာနှင့်အမျှပိုပိုလေ့ကျင့်လာရပေမယ့် နည်းပြကာ ‌လေ့ကျင့်ချိန်တွေကိုတစ်ဖြည်းဖြည်းလျှော့လိုက်ပြီး လေ့ကျင့်နေရတဲ့အချိန်လေးအတွင်းမှာပဲ အသေမောင်းတော့တာဖြစ်သည်မို့ အချိန်လျှော့လိုက်လည်း ဘာမှမထူး အသေအီလန်နေတော့သည်။

"ရွှီ...နားမယ်။ညဘက်တွေအိပ်စောစောအိပ်ယာဝင်ကြနော်"

နည်းပြဆီမှ အသံကြားသည်နှင့် အကုန်လုံး မြတ်ခင်းပြင်ပေါ်သို့ဖြစ်သလိုသာလှဲချလိုက်တော့သည်။လက်ကလေးတောင်မလှုပ်ချင်တော့လောက်အောင် ပင်ပန်းနေ

သော်လည်း ကောင်းကင်မှာကြယ်တွေအပြည့်တလက်လက်
တောက်ပနေသည်ကို မြင်ရတော့လည်း ဘာရယ်မဟုတ် အမောတော့ပြေသလိုပါပင်။

"သက်နောင်..မင်းနောက်ကျတာအရေးမကြီးဘူး။
ကြားထဲကငါတို့ပါအီ‌သွားတယ်..အေဘေး"

ကောင်းဆက်မှ ကြယ်တွေကိုကြည့်နေရင်း ဘေးနားကတရားခံမျိုးသက်နောင် ထရိန်နင် နောက်ကျတာကြောင့်
နည်းပြဒေါသထွက်နေတာကို အမှတ်ရကာပြောလာသည်။

"ဟဲဟဲ..ဆောတီးပါကွာ။အရမ်းအရေးကြီးတဲ့ကိစွကြီးကြောင့်နောက်ကျသွားတာ"

မနက်ကကုန်တိုက်တစ်ခုက K-Pop goodsတွေရောင်းတဲ့ဆိုင်တစ်ဆိုင်မှာ ထုံးစံအတိုင်း limited edition တွေရောက်တာမို့ သူ့ထက်ငါဦးအောင်သွားလုနေရတာဖြစ်သည်။ဒါမျိုးကပိုက်ဆံရှိလည်း လက်နောက်ကျသွားရင်
ဘိုင့်ဘိုင်ပဲ မို့ အစောကြီးသွားကာတန်းစီထားရသေးသည်။
resell သာပြန်လိုက်ရရင် မနည်းမနောဈေးတွေနဲ့ ကုန်းကောက်စရာမရှိအောင်မွဲသွားလိမ့်မည်။

သူနောက်ကျရတဲ့အကြောင်းကလည်းAlblumထဲမှာမပါတဲ့ rosé PC မရလိုက်တဲ့ သူ့နောက်ကကောင်လေးကြောင့်ဖြစ်သည်။ရမှဖြစ်မှာမလို့ဟုဆိုကာ သူ့ကိုလိုက်ပြီးအတင်းပြန်ရောင်းခိုင်းနေတာဖြစ်သည်။မရောင်းနိုင်ဘူးဟုအပြတ်ငြင်းလွှတ်လဲမရ။သူသွားတဲ့နောက်တစ်ကောက်ကောက်လိုက်ကာ တတွတ်တွတ်နဲ့ပြောနေတာမလို့နောက်ဆုံး သူကပဲအလျှော့ပေးကာ ထိုကောင်လေးထံမှ သူကြိုက်တာတွေနှင့်Trade မည်ဟုလုပ်လိုက်ရသည်။

Just-14 [Completed]Where stories live. Discover now