အပိုင်း(၂၀)

4.2K 228 2
                                    

Unicode
------------

"ဘယ်သူဆက်တာလဲ"

မင်းမြတ်စေရာက ဆိုဖာပေါ်ထိုင်နေသောရတု
ပေါင်ပေါ်ကို ခေါင်းအုံးကာ လှဲ‌နေရင်းကနေမော့
ကြည့်ပြီးမေးလာသည်။

ရတုရောက်ပြီးလို့ ထိုင်‌နေရုံရှိသေး ဖုန်းက
ဝ‌င်လာတာမို့မင်းမြတ်ကအတင်းပေါင်ပေါ်လာ
အိပ်ပြီးစပ်စုနေတာ။သူ့အရပ်ကြီးကလန်ကလား
ကဒီဆိုဖာပေါ်မှာဘယ်လိုမှမဆန့်။ဒူးအောက်ပိုင်းကကြမ်းပြင်‌ပေါ်ကိုတွဲလောင်းချထားပြီးကို
ရတုပေါ်လာလှဲနေတာဖြစ်သည်။

ဒီနေ့ကသူ့ schedule မရှိ၊ကျောင်းပိတ်ရက်
နှင့်လည်းတိုက်ဆိုင်တာကြောင့် သူ့ကွန်ဒိုခန်းမှာပဲ
Home dateလုပ်ဖြစ်ကြခြင်းဖြစ်သည်။
ဆိုရှယ်မီဒီယာပေါ်က ဓာတ်ပုံတွေအကြောင်းကို
သူ့ဘက်ကလည်းဘာမှပြောပြမလာသလို ‌ရတုကလည်း
မမေးဖြစ်သေးပေ။

ညတုန်းက အလုပ်ပြီးချိန်သူဖုန်းဆက်လာတော့
အတော်လေးကို ညနက်နေပြီဖြစ်သည်။
နားထောင်ရသော အသံလေးကလည်း ပင်ပန်းနေပုံ
ရတာကြောင့် ဖုန်းတောင်အကြာကြီးမပြောခဲ့ကြ။

ပင်ပန်းနေတဲ့လူသားက ရတုအခန်းpassword
နှိပ်တဲ့အချိန်မှ နိုးလာတာနဲ့ကွက်တိတဲ့လေ။
အချိန်ကြည့်တော့ ၁၁နာရီ။ အခုလည်း
ပေါင်ပေါ်မှာအိပ်ချင်မူးတူး။

"ကူးကူးဆက်တာ...သူ့အဒေါ်တွေ့ပေးတဲ့
ကောင်မလေးကိုသွားကြိုပေးပြီး အိမ်ပြန်
လိုက်ပို့ဖို့အကူညီတောင်းတာ။အဲ့ဒါကျွန်တော်သွားရမလား"

ရတုက မင်းမြတ်ရဲ့ ပွယောင်းနေတဲ့ ဆံပင်တွေကို
လက်တစ်ဖက်ဖြင့် ညင်ညင်သာသာလေးသပ်တင်ပေးနေ၏။

ထို့နောက် အသစ်ဝင်လာသော msgကိုကြည့်လိုက်ပြီး

"Rosé Onlyမှာတဲ့ ပို့လာတယ်၊
အဲ့ကောင်မှာဘာအရေးကြီးကိစ္စများ
ရှိသွားရတာလဲမသိဘူး"

ရတုက ပို့လာသော တည်နေရာကို ကြည့်ရင်း
ပွစိပွစိ။ရည်းစားနဲ့အေးအေးဆေးဆေးလေး
ချိန်းတွေ့မလို့ပါဆို အနှောင့်အယှက်တွေက
ပေါ်ပေါ်လာတယ်။

"Rosé Only? မင်းသူငယ်ချင်းတော့ ဆိုင်ရှင်က
‌အကြွေးနဲ့သိမ်းသွားပြီထင်တယ် ဟားဟား"

Just-14 [Completed]Where stories live. Discover now