Extra-1

4.8K 554 82
                                    

ဝေးသွားပြီဖြစ်သည့် အရင်းနှီးဆုံးပုံရိပ်ငယ်ကို ကျွန်မငေးကြည့်နေမိသည်။ ဒီတစ်ခါကျောခိုင်းခဲ့သူကတော့ ကျွန်မ မဟုတ်တော့ဘဲ သူဖြစ်လို့နေသည်။ တဖြည်းဖြည်းပျောက်ကွယ်သွားသည့် ပုံရိပ်လေးကို လက်လှမ်းလိုက်မိသော်လည်း သူ့လက်တွေကိုပြန်ချလိုက်သည်။

အသက်ကိုပြင်းပြင်းရှုလိုက်သည်။ ဝေးသွားကြတာပဲကောင်းပါသည်။ ကျွန်မတို့နှစ်ယောက်ဟာ တကယ်ပင် ဝေးသွားကြတာပဲကောင်းပါသည်။

နွေဦးရဲ့လေပူပူတွေဟာ မျက်လုံးတွေကိုစပ်လာစေသည်။ မျက်တောင်တွေကို ခပ်လိုက်သည်။ ဖြည်းဖြည်းချင်းပဲ ထင်းရှူးတောကနေထွက်လာခဲ့သည်။ လမ်းမကြီးပေါ်မှာ ကားတွေမြောက်များစွာသွားလာလို့နေသည်။ ပူတူးရဲ့ ကားလေးကတော့မရှိတော့။ ရယ်နိုင်အောင် ကျွန်မကြိုးစားလိုက်သည်။ ကားပေါ်တက်ကာ ကားမောင်းထွက်ခဲ့သည်။

ကားမူးတတ်လွန်းသည့်ကျွန်မက ကိုယ်တိုင်မောင်းတာကလွဲရင် လိုက်စီးတာကိုတော့ အင်မတန်မူးတတ်သည်။ များသောအားဖြင့် ရထားစီးရတာကိုပဲနှစ်သက်သလို ဂျပန်မှာနေခဲ့စဉ်ကတော့ နေ့စဉ်ရထားစီးရတာကို သဘောကျခဲ့သည်။

ကားမူးတတ်တာကြောင့် ရထားနှင့်သွားသည့်ခရီးတွေမှာ တစ်ချိန်က ကြိုဆိုသူရှိခဲ့ဖူးသော ဘူတာလေးကိုသတိရမိတော့ ဝဲဘက်ရင်အုံကအောင့်လာသလိုပင်ခံစားရသည်။ သံယောဇဉ်တွေက အချစ်ဆိုတာထက်ကိုပိုကြောက်ဖို့ကောင်းသည်။ မချစ်တော့သည့်အခါ ပြတ်သားနိုင်ပေမဲ့လို့ တွယ်မိသည့်သံယောဇဉ်တွေကြတော့ ဖြတ်ဖို့ခက်လိုက်တာ။

ငယ်နှင့်ကျွန်မနဲ့ အနည်းငယ်စကားများထားတာကြောင့် အခုလတ်တလောတော့ သူတို့ဆက်သွယ်ဖြစ်ဦးမည်မဟုတ်ပေ။ တော်ရုံသဝန်မတိုတတ်သည့် ငယ်က ပူတူးနှင့်ကျွန်မကြားက သံယောဇဉ်တွေကိုကြတော့ သဝန်တိုတယ်တဲ့လေ။ အနည်းငယ်စိတ်ပျက်မိပေမဲ့လို့ ဒါဟာချစ်သူတစ်ယောက်ရဲ့လုပ်ပိုင်ခွင့်လို့ ကျွန်မနားလည်တာကြောင့် သူ့စိတ်ကိုလုံခြုံစေချင်သည်။

ပူတူးကိုကြတော့..ဘယ်လိုခံစားချက်တွေဆိုတာကို ကျွန်မကိုယ်တိုင်လည်းမသိခဲ့။ သေချာတာကတော့ ပူတူးနေရာအတွက်က ဘယ်သူ့ကိုမှအစားထိုးလို့ရတဲ့နေရာမဟုတ်ခဲ့ဘူးလေ။

အစ်မ (သို့မဟုတ်) အဝါရောင်ပျော်ရွှင်မှုလေးWhere stories live. Discover now