အခန်း ၃။ ဟောင်းနွမ်းသွားတဲ့ပြက္ခဒိန်အပိုင်းအစများ

4.6K 584 7
                                    

စွယ်တော်ရွက်တစ်ခက်ကို လက်ဖြင့်အသာချိုးယူလိုက်သည်။ နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်သည့်စွယ်တော်တွေ စာအုပ်ကြားမှာညှပ်ခဲ့ဖူးတာတွေကိုတွေးမိတော့ သူခပ်တိုးတိုးရယ်လိုက်မိသည်။ ခရမ်းရောင်ပန်းပွင့်သော စွယ်တော်ပင်ပုလေးဟာ တချိန်က တယုတယရှိခဲ့ဖူးသည် ပိုင်ရှင်အဟောင်းတွေကို လွမ်းဆွတ်နေသည်ထင်ပါရဲ့။ ဒီအုတ်စီလမ်းကလေးကို အကြိမ်ကြိမ်ပြေးလွှားခဲ့ဖူးသလို ကိုယ့်အတွက်အမြဲဖွင့်ထားတဲ့ တံခါးတစ်ချပ်ဟာ အခုချိန်မှာတော့ လူသူကင်းမဲ့လို့နေလေသည်။

အုတ်စီလမ်းကလေးရဲ့ အဆုံးမှာရပ်ပြီး အိမ်ကလေးကို နောက်ဆုံးအကြိမ် ပြန်ကြည့်လိုက်သည်။ အကယ်၍ ဒီနယ်မြို့ကလေးကိုရောက်ဖြစ်ခဲ့ရင်တောင်မှ ဒီနေရာကို နောက်တစ်ကြိမ် သူထပ်မလာဖြစ်တော့ပါ။ နောက်တစ်ကြိမ်ထပ်ပြီး ခြေမချတော့မည့်နေရာကို အမှတ်တရတွေထဲမှာ ပို၍စွဲထင်နေအောင်သူကြည့်နေခဲ့မိသည်။

အိမ်ကလေးကို တစ်ပတ်ပတ်ကြည့်လိုက်သည်။ စိန်ပန်းတွေမပွင့်သေးသလို အစ်မလည်းမရှိချေ။ တစ်ချိန်ကတော့ စိန်ပန်းတွေမပွင့်သေးပေမဲ့ အစ်မရှိခဲ့သည်။ အနောက်ခြမ်းက ထနောင်းပင်ကြီးကိုမော့ကြည့်လိုက်သည်။
ပင်စည်ကအဝါရောင်သမ်းနေတာမို့လို့ ထနောင်းပင်တွေကို သဘောကျတယ်လို့ပြောဖူးခဲ့တာကိုအမှတ်ရသည်။ ဝါးပလက်ကုလားထိုင်ကိုချကာ စာကျက်နေတတ်သော အစ်မကို ဒီအပင်ကြီးအောက်မှာဆော့ကစားရင်း ငေးကြည့်နေခဲ့ဖူးသည်။

အိမ်ခြေရင်းဘက်မှာတော့ ဖြတ်လမ်းအဖြစ်အသုံးပြုသောလူသွားလမ်းကျဉ်းလေးရှိသလို တစ်ဖက်မှာ ဇရပ်အိုနှင့် အသုံးမပြုတော့သော ရေတွင်းပျက်တစ်ခုရှိသည်။ ခပ်လှမ်းလှမ်းမှာမြင်ရသော တောင်ဘက်အလုပ်သမားတန်းလျားတွေကိုဆက်သွယ်ထားသော လမ်းကလေးဖြစ်ပြီး ဘေးဝဲယာကတော့ အဝေရာပင်တွေနှင့် ခြုံပုတ်တွေတန်းစီနေသည်။ အစ်မတို့အိမ်အရှေ့ကလမ်းမဘက်ကပတ်သွားရင် ရင်ခွဲရုံအနားကဖြတ်ရသည်မို့ မသွားရဲဘဲ ဒီလမ်းကလေးကိုသာ အမြဲသုံးခဲ့သည်လေ။

"သျှင်လေး"

အိမ်ဘေးကနေထွက်လာသော သူ့ကိုရပ်ကြည့်နေသော ကိုကို့ရဲ့ခေါ်သံကြောင့် သူယောင်ဝါးဝါးမော့ကြည့်လိုက်မိသည်။

အစ်မ (သို့မဟုတ်) အဝါရောင်ပျော်ရွှင်မှုလေးTempat cerita menjadi hidup. Temukan sekarang