(Uni)
.
.
.
နိုင်းဒီယံ သူ့အခန်းထဲပြန်လာတော့ ကုတင်ပေါ်မှာချထားတဲ့ ဖုန်းဟာ message တွေဝင်နေတာကြောင့် တစ်တောင်တောင်နဲ့ကို မြည်နေလေသည်
သူကုတင်ပေါ်ထိုင်ကာ ဖုန်းကိုစက်ပိတ်လိုက်ပြီး ပြတင်းပေါက်ဘက်ထွက်လာခဲ့သည်စာလဲမပြန်ချင်သလိုစိတ်လဲမပါပါ ယခုတောင်သူ့မှာတွေးစရာတွေအများကြီးမလား ဖန်စားပွဲပေါ်က စီးကရက်ဗူးကို ယူလိုက်ကာ စီးကရက်တစ်လိပ်အား ယူထုတ်၍ ပါးစပ်မှာတေ့ကာ မီးငြိ၍ရူရိူက်ကာလေထုထဲသို့ပြန်မူတ်ထုတ်လိုက်၏
**********
"သမီးသေချာစဉ်းစားပြီးပြီလား"
"ဟုတ်ကဲ့"
ဦးရွှေထူးလွင် အိမ်ပြန်ရောက်ပြီး ညဘက်ညစာထမင်းဝိုင်း၌ သမီးလုပ်သူရဲ့ အတွေးကိုနားမလည်တော့ပါ
ဦးရွှေထူးလွင်မှာ ရွှေပေလွှာဆိုတဲ့သမီးတစ်ယောက်သာဖြစ်ထွန်းတာကြောင့် နည်းနည်းလေးမှ ဦးရွှေထူးလွင် အလွဲချော်မခံနိုင်ပါသူဟာသမီးဖြစ်သူအား သူ့လို တရားသူကြီး ဒါမှမဟုတ် ဥပဒေနဲ့ပတ်သက်တဲ့အလုပ်အကိုင်တစ်ခုခုလုပ်စေချင်သည် သို့သော် သမီးဖြစ်သူမှာ စီးပွားရေးပဲစိတ်ဝင်စားသည်တဲ့ ရွှေထူးလွင်ရဲ့ ညီမတစ်ယောက်ဖြစ်ပြီး နိုင်ငံခြားထွက်သွားတဲ့ အန်တီခိုင်နှင်းလွင်လိုမျိုး စီးပွားရေးပဲလုပ်ကိုင်ကာ အသက်မွေးချင်သတဲ့...
ရွှေပေလွှာဟာ ငယ်ငယ်ထဲကအဖေလုပ်သူရဲ့ စည်းကမ်းနဲ့တကွ နေနေရတဲ့ မိန်းကလေးပါပေ သို့သော်သူမဟာ ဦးရွှေထူးလွင်ရှေ့မှာတော့ စကားကိုတစ်သွေမတိမ်းနားထောင်တတ်ပြီး တစ်ယောက်ထဲရှိနေရင်တော့ လုပ်ချင်ရာလုပ်တတ်တဲ့မိန်းကလေးတစ်ယောက်လဲဖြစ်ပါသည်
ဆယ်တန်းအရွယ်ရည်းစားထားမိခဲ့တာ အဖေလုပ်သူသိတုန်းကဆို အဆူခံရသည်မှာ မျက်ရည်နဲ့မျက်ခွက်ရိူက်ကြီးတစ်ငင်ငိုခဲ့တဲ့ သူမပါလေ အဖေလုပ်သူရှေ့မှာမခုတ်တတ်တဲ့ကြောင်လေးလိုငြိမ်ကုတ်နေပေမယ့် နောက်မှာတော့ လက်ဆော့တတ်သည့် ကလေးတစ်ယောက်လို မိန်းမပျိုလေးတစ်ယောက်ဖြစ်၏
"ကျွန်မတို့က သမီးနဲ့တစ်သက်လုံးနေပေးနိုင်မှာမဟုတ်ဘူးနော် ကိုထူး သမီးအရွယ်မတိုင်ခင်ထဲက ရှင့်သဘောကျ ရှင်နေသလိုနေနေခဲ့တာ အခုက သမီးရဲ့ဘဝရှေ့ရေးအတွက်နောင်နေထိုင်စားသောက်ပြီးရပ်တည်နိုင်ဖို့ သူကိုယ်တိုင်ရွေးချယ်ရမယ့်ကိစ္စလေ"
YOU ARE READING
အချစ်ရေ../ အခ်စ္ေရ..(U+Z)