(Uni)
.
.
.
ပိတ်ရက်မှာ သွားလည်ပြီးအိမ်ပြန်ရောက်တော့ ပေါင်တံတွေမှာလမ်းလျှောက်လိုက်တိုင်း နာကျင်မူကိုပေးနေသည်မြင်းစီးသင်ပေးမယ်ဆိုပြီး လိုက်သွားတာ စီးလိုက်ရပါတယ် မြင်းမဟုတ်ပဲ လူကို...အဖေ့ရှေ့မရိပ်မိအောင်ဟန်ချက်ထိန်းခဲ့ရသည်မှာလဲအမောပင်
ညပိုင်းသူဖုန်းဆက်တော့ သမီးရည်းစားတီတီတာတာတွေပြောကာ အူမြူးလို့နေခဲ့ပါသည် အရင်လိုဆိတ်ငြိမ်နေသည့်မိန်းကလေးမျိုးမဟုတ်တော့ပေ..စကားနည်းတဲ့မိန်းကလေးဟာ ချစ်သူရည်းစားရသွားသည့်အခါ အလွန်စကားကြွယ်တတ်သွားပါသည်...
အရင်အချိန်တွေမှာ ညဘက်ကပုံမှန်စိတ်လွတ်ကိုယ်လွတ်နဲ့အိပ်တတ်သည့်မိန်းကလေးမှာ တစ်စုံတစ်ယောက်ရဲ့ဖုန်းခေါ်ဆိုမူတွေ စာတွေ မျှော်တတ်နေခဲ့ပြီ...အလုပ်များရင်တောင် morning goodnight လေးပို့မှ စိတ်ချမ်းသာမိတာအမှန်ပင်...
"ဒီနေ့သူတို့အုပ်စုကိုမတွေ့ပါလား...အချိန်တောင်ထိုးနေပီကို "
"ရွှေဖုန်းဆက်တာလဲမကိုင်ဘူး သူတို့ မနေ့ကအိမ်ရော သေချာပြန်ကြရဲ့လားမသိဘူး အရေးအကြောင်းဆို ဖုန်းဆက်မေးကြည့်လို့ရမဲ့ သူ့မိသားစုဝင်တွေနဲ့လဲမသိဘူး... "
"လာပါတော့ရွှေရာ အတန်းထဲမှာပဲ သွားစောင့်ကြမယ် သူတို့ဖာသာလာကြလိမ့်မယ်"
"အင်း"
စောင့်နေခဲ့ပေမဲ့ သူတို့ရောက်မလာကြပါပေ တနေ့လုံးအဆက်အသွယ်လဲမလုပ်ဘူး တကယ်ပဲ ဘယ်တွေရောက်နေကြတာလဲ မသိတော့ပါချေ
အဲ့ဒီ့နောက် ရွှေဟာ နွယ်နဲ့အတူ အိမ်သာပြန်ခဲ့ရတော့တယ် ရွှေအိမ်ပြန်ရောက်တော့ အဖေနဲ့အမေကဧည့်ခန်းမှာစကားပြောနေကြတယ်
"သမီးငယ် ပြန်လာပြီလား "
"ဟုတ်ကဲ့...အဖေကအစောကြီးအလုပ်သိမ်းတာလားဟင်"
"အင်း...လာ ဒီမှာခဏလာထိုင်အုံး"
အဖေတို့ရှိရာအနားကုတ်ချောင်းချောင်းနဲ့သွားထိုင်လိုက်ပါသည်
"သမီးအန်တီဖုန်းဆက်တယ် မလာဘူးလားတဲ့ သမီးမသွားချင်ဘူးလား... "
YOU ARE READING
အချစ်ရေ../ အခ်စ္ေရ..(U+Z)