(Ep-3)

1.7K 54 3
                                    

(Uni)
.
.
.
မနက် ရွှေကျောင်းကိုနွယ်နီနဲ့ အတူလာရတယ် အမေကနေ့တိုင်းရွှေ့ကိုထမင်းချိုင့်ထုတ်ပေးလို့ ရွှေဆွဲလာရသည်မှာ သူများအမြင်ဒိတ်အောက်သလို ခံစားမိပေမယ့် အဖေကြောင့် ရွှေယူလာရတာပါပဲ

ရွှေတို့အခန်းထဲလျှောက်ဝင်လာတော့ အခန်းရှေ့မှာ ယောက်ျားလေးတို့ထုံးစံအတိုင်း ရှေ့ကဖြတ်သမျှမိန်းကလေးတိုင်းကို စနောက်နေတဲ့ နွယ်နီပြောပြတဲ့တစ်အုပ် ရှိနေလေသည်

အဲ့နိုင်းဒီယံဆိုတဲ့သူ ပြုံးရယ်နေကာ သူ့သူငယ်ချင်းတွေနဲ့ မိန်းကလေးတွေကို မျက်စိမှိတ်ပြလိုက် ရယ်ပြလိုက်နဲ့ အမြင်ကတ်စရာပင် ကောင်းလှပါသည် ရွှေ့ကိုလဲ ဒီလိုပဲလာပြုမူခဲ့တာ ဘာမှန်းမသိပေမယ့် သူရွှေ့အပေါ်ပြုမူခဲ့တာတွေကို စိတ်တိုမိ၏

ရွှေနွယ်လက်ကိုဆွဲကာအတန်းထဲသို့သာ ဝင်သွားလိုက်သည်
ထိုင်ခုံမှာဝင်ထိုင်ပြီး ဖုန်းထုတ်ကာ Yanဆိုတဲ့accကိုblockလိုက်၏...

*လွယ်တယ်ထင်နေရင် အဲ့မှာသေလိုက်... ဟွန်း...*
.
.
သူမြင်တာပေါ့ အဲ့ကောင်မလေးကို ညကသူ့ကိုစာတောင်မပြန်ဘူး သူနဲ့ခဏခဏအကြည့်ချင်းဆုံနေတာ ဘယ်လိုမှမခံစားရဘူးလားမသိဘူး သူကတော့ခံစားရပါတယ် သူမရဲ့အပြုံးတွေက သူ့ရင်ထဲကို နစ်ဝင်လို့နေတယ်...
အဲ့သွားတက်လေးတွေနဲ့သူမရီလိုက်တိုင်း တစ်ဒုတ်ဒုတ်နဲ့ ခုန်ပေါက်နေတဲ့သူ့နှလုံးသားဟာ ထိန်းရခက်ခဲလာရပါသည်...

တစ်ညလုံး ကုတင်ပေါ်ပက်လက်လန်နေရင်း သူအတွေးထဲ သူမကရုတ်တရက်ကြီးဝင်ရောက်လာတယ်...လူကြီးတစ်ယောက် စကားတွေကို ခေါင်းငုံ့နားထောင်နေတဲ့ထိုပုံရိပ်လေးမှအစ... သူမရဲ့ချစ်စရာမျက်နှာလေးကအဆုံး သူနှစ်သက်မိလေသည်

ယခုသူမကျောင်းလာတယ် သူတို့အုပ်စုကိုတွေ့ပြီး နူတ်ခမ်းလေးတစ်ချက်မဲ့ကာ မျက်စောင်းလေးမသိမသာထိုးသွားတယ် ....မိန်းကလေးတွေက စိတ်အလိုမကျရင် မိစာ္ဆမလေးတွေအဖြစ်ပြောင်းသွားတာလား ရည်းစားတွေအများကြီးထားဖူးတယ် အချစ်ရေးကို အဲ့လောက်ထိနက်နက်နဲနဲတွေးမနေတတ်ဘူး ထိုအစွယ်လေးကိုမှ ကဗျာတွေစာတွေသီကုံးနေလိုက်တာ ရွှေပေလွှာဆိုသည့်ကောင်မလေးက သူ့ဖူးစာရှင်မို့လို့များလား....

အချစ်ရေ../ အခ်စ္ေရ..(U+Z)Where stories live. Discover now