(Uni)
.
.
.
"ငယ်ရွယ်စဉ် ဆုံလာခဲ့ကြ..
နာမည်ပညတ်ထားတာ နွယ်နီတဲ့လေဟိုစဉ်ကျောင်းသားဘဝ ရင်ခုန်လူပ်ရှားခဲ့တာ မတည်ငြိမ်နိုင်သေးပါ
ဒီအချိန်တွေအထိတော့ငါလေ စွဲလမ်းခဲ့တာ လိုချင်တဲ့အချစ်ပါ..ရင်ခွင်မှာခုံမင်ဖူးစအရွယ် ပူလောင်တဲ့အချစ်ကို ငါခံစားမိ..
ဝန်ခံဖွင့်ပြောဖို့ တကယ်ကိုအားနည်းခဲ့တာ အချိန်လွန်နောင်တတွေရင်ခုန်သံများနဲ့ပြန်ဆုံတွေ့ရမယ့်နေ့ ငါလေမျှော်လင့်ရင်း...သိပ်ချစ်တဲ့နွယ်နီရေ အဝေးမှာ..."
"တောင်းစားမနေနဲ့တော့ ဟိုမှာလာနေပြီ.."
လူသွားစင်္ကြန်ရဲ့လမ်းထောင့်မှာကပ်ကာ သူမအမည်နာမတူတဲ့သီချင်းလေး အသာ ညည်းကာ သူမအလာကိုစောင့်နေသည် ...
သူကျောင်းဝန်းထဲသို့ဝင်လာတော့ ဘေးက ပီကေဝါးကာ ဂိမ်းဆော့နေသော ငယ်ပေါင်း ခန့်ရာဇာက သူ့ကိုကျောပုတ်၍ အသိပေး၏ ခဏသာ မကြည့်မိလိုက်တာ နွယ်နီဝင်လာတာကိုမတွေ့လိုက် ဂိမ်းဆော့နေတဲ့သူကမှ လှမ်းမြင်သေး...
ဆံပင်ရှည်တွေကတင်ပါးကျော်နေပါပြီ အရောင်ကာလာမရှိတဲ့နွယ်နီ့ဆံပင်တွေက ထူထူထဲထဲနဲ့ နက်မှောင်ကာ တင့်တယ်လျက် ...
စီးပွားရေးတက္ကသိုလ်မှာ ထပ်လာဆုံတာ ဖူးစာလို့တော့မဆိုနိုင်ပါလေ တစ်ခန်းထဲကျတာတော့မပြောတတ်တော့ဘူး ဘာလို့ဆို ဒီမြို့က စီးပွားရေးသမားတွေပေါများပြီး စီးပွားရေးသာ အဓိကလုပ်ကြသည့် မြို့တစ်မြို့ပင်..
နွယ်နီ့ကိုသူရိန်နေမင်းဆိုတဲ့ဒီကောင်က ကိုးတန်းဆယ်တန်း အရွယ်ထဲကကြိုက်ခဲ့ရတာ သူမကတော့ သိရဲ့ပင်မသိဘူး.... မဖြူမညို အသားရေနဲ့ သူမက မြန်မာဝမ်းဆက်တွေကို ဝတ်ရတာ သဘောတွေ့ပုံရပါ့ အရောင်နုနုလေးတွေကို ကိုယ်လုံးလေးနဲ့ကွက်တိကျကာ ဝတ်စားဆင်ယင်တတ်ပါသည်...သူမကဘာကိုမှအရေးမစိုက်ပဲ လမ်းလျှောက်ရင် လိုရာကိုသာ တွေးတတ်သွားတတ်သူဖြစ်သည်...ယခုဘာကိုမှ သတိမမူပဲ အခန်းထဲဝင်သွားလေသည်
"တောက်စ်...ရူံးပြီကွာ ငါ့လီးထဲမှပဲ ကျစ်"
ဖုန်းထဲကဂိမ်းတစ်ပွဲဆော့ပီး ရူံးလို့ စိတ်တိုနေတဲ့ ရည်းစားရူပ်သူခန့်ရာဇာက ညည်းညူကာ ဆော့နေတဲ့ဂိမ်းကို ပိတ်ကာ အိတ်ထဲသို့ထည့်လိုက်ပါသည်
YOU ARE READING
အချစ်ရေ../ အခ်စ္ေရ..(U+Z)