🖤(Ep-8)🖤

5.5K 88 3
                                    

(Uni)
.
.
.
"သေနာကြီး...ဟင့်...ဟင့် အီးဟီး"

ကျောင်းကပြန်ရောက်တော့ လွယ်အိတ်ကြီးဗုန်းကနဲပစ်ချကာ ငိုပါတော့သည် ကိုယ့်ရည်းစားကိုတခြားမိန်းမတစ်ယောက်က ကိုကိုလို့အသုံးအနူန်းခေါ်တာနဲ့တင် သဝန်တိုမူက ကြီးစိုးလို့လာရ၏

ရေချိုးလဲဒီစိတ် ညစာဆင်းစားတော့လဲ သိပ်မစားဖြစ်ပေ တစ်နုပ်နုပ်နဲ့သူ့ကိုရော ဟိုမိန်းမကိုပါ တွေးတွေးပီးစိတ်တိုနေရသည် အဖေက သူမအားမေးနေသေး 'သမီးငယ်ဘာဖြစ်နေတာလဲ'ဆိုပြီး ရည်းစားထားပီး စိတ်ကောက်နေရတာမသိအောင်လှည့်ပြောလိုက်ရသည်

သူကကိုးနာရီလောက်ကျတော့ ဖုန်းကိုတစ်ဂွမ်ဂွမ်ဆက်လာ၏ သူမကပေကပ်ကပ်နဲ့မကိုင်တော့ စာတွေပို့လာလေသည်

"အသဲတုုံးလေး... ဖုန်းကိုင်ပါကွာ ငါတောင်းပန်ပါတယ် "
"အချစ်ရေ...ငိုနေတာလား သူနဲ့ငါဘာမှမဆိုင်ပါဘူးရွှေရာ နင်ဘာလို့ငါ့ကိုမယုံရတာလဲ ငါကနင့်ကိုပဲချစ်တာ သိရဲ့သားနဲ့ "

ဆက်တိုက်ပို့နေတဲ့စာတွေကို အစပိုင်းမှာဖတ်မိပြီး ဖုန်းကိုပိတ်ချပလိုက်တော့သည်...အဲ့လိုပြောပေါင်းများပီ ပြီးရင် မိန်းကလေးပေါင်းသောင်းခြောက်ထောင်နဲ့ ပလူးနေတာ...
အသာအယာဖုန်းပိတ်မီးပိတ်ကာ အိပ်ပလိုက်လေသည်...

မနက်ကျောင်းလာတော့ သူကသူမစိတ်ကောက်ရင် ချော့နေကျပုံအတိုင်း နှင်းဆီပန်းတွေကိုင်ကာ အုတ်ဘောင်ပေါ်ထိုင်နေလေသည်
နွယ်နီကမြင်တော့သူမကိုပခုံးတိုက်ကာအချက်ပြ၏

"ငါသွားနှင့်ပြီနော် ရွှေ"

"အယ့်...နွယ့်..."

နွယ်ကသူမအားတစ်ယောက်ထဲထားခဲ့ကာရှေ့ကနေလျှောက်သွားလေသည်
သူမအော်ခေါ်ချိန်ပင်မရတော့ချေ

"ရွှေ....ရွှေ့...ကျစ်..."

ဆူပုတ်ပုတ်နဲ့ မျက်စောင်းထိုးကာ သူ့ကိုကျော်ချသွားတဲ့သူမကိုလွှတ်မသွားအောင်လက်မောင်းကနေဆွဲထားလိုက်ရ၏ နူတ်ခမ်းကမဲ့လာတာမြင်တော့ သူမကို ဆွဲခေါ်ကာကျောင်းနောက်ဘက်ကိုခေါ်သွားလေသည်

"ဘာလို့ငိုတာလဲကွာ...မဟုတ်ပါဘူးဆို နင်ဘာလို့မကောင်းတဲ့ဘက်ကပဲတစ်ချိန်လုံးတွေးနေရတာလဲ "

အချစ်ရေ../ အခ်စ္ေရ..(U+Z)Where stories live. Discover now