(Uni)
.
.
.
"....."နွယ်နီက ဝယ်လာတဲ့ပေါက်ပေါက်ဆုပ်ကို သူရိန့်အား ပေးလာ၏...
သို့သော် သူမက သူ့ကိုမကြည့်ပဲ ရှေ့တည့်တည့်မျက်နှာမူကာ မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်နဲ့ လုပ်နေလေသည်..."ကျေးဇူး..."
"အင်း.."
"ကိုယ်ကြိုးစားလို့ရသေးတယ်မလား..."
"ဘာကိုလဲ"
"မင်းမကြိုက်တာတွေကိုကိုယ်ပြင်နေပါတယ် အဲ့တာကြောင့် ကိုယ့်ကို အခွင့်အရေးလေးပေးပါလား..."
သူရိန် တွန့်နှေးစွာ ပြောရင်း သူမရှိရာဘက်ကိုလှည့်လိုက်သည်....
သူမကသူကြည့်လာသည်ဆိုသည့် ခံစားချက်နဲ့အတူ သူ့ကိုပြန်ကြည့်လိုက်၏..."ငါမသိဘူး...တစ်ချိန်ချိန် ဒီအကြောင်းတွေကြောင့် ငါငိုရနိုင်တယ် ...အဲ့တာကိုငါကြောက်တယ် ရှိသမျှအချစ်တွေပုံပေးပီးမှ သစ္စာဖောက်သွားမှာ ထားခဲ့မှာ...ငါရင်မဆိုင်ရဲဘူး"
တစ်ချိန်တစ်ခါမျှရင်မခုန်ဖူးတာမဟုတ်ခဲ့ပါဘူး အထက်တန်းကျောင်းတုန်းက အတန်းထဲကစာအတော်ဆုံးယောက်ျားလေးတစ်ယောက်ကို crush ခဲ့ဖူးတယ် အဲ့ဒီတုန်းက သူရိန်တို့လဲရှိနေခဲ့ကြပါတယ် ဒါပေမဲ့ ကျောင်းသားဆိုးတွေလို့ပဲသူမမြင်ခဲ့တယ်...
ကျောင်းစိမ်းအင်္ကျီကိုသပ်သပ်ရပ်ရပ်ဝတ်ပြီး ပုဆိုးကိုသေသေသပ်သပ် ဝတ်တတ်တဲ့အောင်ကောင်းမြတ်ဆိုသည့် စာတော်ပြီး သူများတကာချစ်တဲ့ ယောက်ျားလေးတစ်ယောက်ကို ရင်ခုန်ခဲ့ဖူးပါသည်...တိတ်တခိုး ကြိုက်ခဲ့မိရာမှ အခန်းထဲကအချောဆုံးဝေနန်းဖြူနဲ့ ရည်းစားတွေလို့သိရတဲ့အချိန် ပိုးစိုးပက်စက် ငိုယိုခဲ့ဖူး၏...ထိုကထဲက ချစ်ရမှာကြောက်လာတယ် ကိုယ့်ထက်တခြားသူကို စိတ်ဝင်စားပြီး သဘောကျသွားမှာကြောက်လာတယ်...သူမလို အချစ်ရေးမှာ ဆုံးဖြတ်ချက်တစ်ခုရဖို့ တုံ့ဆုတ်နေတဲ့ မိန်းကလေးတွေရှိမယ်လို့လဲထင်ပါသည်....
"ကိုယ်အတင်းအကြပ်မတောင်းမဆိုပါဘူး...အခွင့်အရေးလေးပဲတောင်းတာပါ...မင်းကိုယ့်ကို မကြိုက်ဘူး လျစ်လျူရူ့ထားလို့ရတယ် မင်းနဲ့နီးစပ်ဖို့က ကိုယ့်ကြိုးစားရမှာလေ... ကိုယ့်ကိုအခွင့်အရေးလေးပဲပေးပါ.."
YOU ARE READING
အချစ်ရေ../ အခ်စ္ေရ..(U+Z)