(Uni)
.
.
.
တီ...တီ...တီ(((သူမအားရင်အုပ်ကျယ်ထဲထည့်ကာ သူမနူတ်ခမ်းနှစ်လွှာအား စုပ်ယူနမ်းနေရင်း..
သူမရဲ့လက်ထဲကဖုန်းဟာမြည်လာပါသည်..."အင့်...ဖယ်အုံး..."
ထိုအားကစားခန်းမထဲ တစ်ယောက်ယောက်များဝင်လာခဲ့လျှင် သူတို့ကိုမြင်သွားခဲ့လျှင်ဆိုတဲ့ အသိကြောင့် သူနမ်းတာကိုရုန်းမိသော်လည်း...ရှေ့ကသူရင်ဘတ် နောက်က နံရံသာရှိနေလေသည်...ထိုစိတ်လူပ်ရှားမူနဲ့အတူ ငြိမ်နေမိရင်း လက်ထဲကဖုန်းဟာ တစ်ဒီးဒီးနဲ့မြည်လာ၏... သူမလန့်သွားရသလို မျက်လုံးအိမ်များပင် ပြူးကျယ်သွားရ၏
"နောက်မှကိုင်..."
နိုင်းဒီယံက ထိုသို့ခဏလွှတ်ပြောကာ သူမနူတ်ခမ်းအား သူနူတ်ခမ်းများနဲ့ ထပ်မံဖိကပ်လေ၏...သူမရှောင်ဖယ်တော့ သူကရတဲ့ မျက်နှာအစိတ်အပိုင်းတွေကို သူ့နှာတံချွန်ချွန်နဲ့နမ်းပြန်လေသည်
သူဟာသူမမေးဖျားကို သူ့ လက်ချောင်းရှည်ရှည်များဖြင့်ထိန်းချူပ်ကာ သူမပါးအိအိကိုနူတ်ခမ်းပါးနဲ့ နှာတံထိပ်အားသုံးကာ တစ်ရွှတ်ရွှတ် မြည်သည်အထိ နမ်းလေ၏
"နွယ်!!...နွယ် ဆက်တာ...ဖယ်အုံး... "
သူမဖုန်းscreenကိုကြည့်လိုက်တော့ နွယ်ဆက်တာဖြစ်နေလေသည်
သူမလန့်ကာ သူ့ကိုတွန်းထုတ်နေမိ၏"ဟူး..."
သူကသူမစိတ်တိုပြနေတော့ လွှတ်ပေးလိုက်၏...ယောက်ျားလေးတန်မယ့် သူမကိုအလိုမကျသလို မျက်နှာကိုလုပ်ပြနေသေး...
"ဟယ်လို "
သူမဖုန်းကိုကိုင်လိုက်တော့ သူကစိုက်ကြည့်နေ၏...
"ရွှေ နင်ဘယ်မှာလဲ ဆရာမလာတော့မယ် နွယ်သန့်စင်ခန်းလာတော့လဲမတွေ့ဘူး ဘယ်တွေသွားနေတာလဲ ရွှေ"
"ဘယ်မှမသွားပါဘူး....နွယ်ရဲ့..ရွှေအခုလာပြီနော်..."
"အင်း..အင်း..ဒါဆို အမြန်လာနော် ဆရာမလာတော့မယ်"
"အင်း ဒါပဲနော် နွယ်"
သူမသက်ပြင်းသာချပြီး ဖုန်းပြန်ပိတ်လိုက်၏...
"အတန်းပြန်တက်ရအုံးမယ်...နင်အရင်သွားမလား ငါအရင်သွားရမလား"
YOU ARE READING
အချစ်ရေ../ အခ်စ္ေရ..(U+Z)