🖤(Ep-6)🖤

5.8K 95 10
                                    

(Uni)
.
.
.
"ဒီစာအုပ်လေး ငါ့ကိုငှါးပါလား "

ရွှေ ပိုင်ဇေဦးဆီက ဝတ္ထုစာအုပ်လေး ပျင်း၍ဖတ်မိရင်း အဆက်မပြတ်သေးတာမို့ အိမ်၌ ဖတ်ချင်ကာ မေးမိသည်

"မင်းကြိုက်ရင် ယူသွားလေ "

"အင်း...ကျေးဇူးပဲ...အချိန်တောင်ထိုးတော့မယ် ငါသွားတော့မယ်နော် စာအုပ်ကဖတ်ပြီး လာပေးမယ်...ဘိုင့်"

"အင်း...ရပါတယ် "

သူမစာအုပ်တစ်အုပ်ကိုင်ကာ အတန်းထဲသို့ပြန်လာလိုက်သည်...သူမရောက်လာတော့ နွယ်လဲပြန်ရောက်နေ၏

"နိုင်းဒီယံတို့နိုင်သွားတယ်ရွှေ "

နွယ်က သူမကိုမြင်တော့ ပြောပြလေ၏

"ဟုတ်လား..."

သူမတစ်ခွန်းသာပြောပြီး နွယ့်ဘေးသို့ဝင်ထိုင်လိုက်၏...
နောက်တော့သူရိန်ရောက်လာတယ် သူရိန်ခင်ဗျာ နွယ့်ကိုရဖို့ဘယ်လောက်တောင်ကြိုးပမ်းထားလဲမသိပါ နွယ်ကအရင်လို သူ့ကိုစိမ်းစိမ်းကားကားတွေမကြည့်တော့ဘူး နွယ်ပြုံးရယ်လာတယ်...

"ရွှေ...ညနေ အတန်းဆင်းရင်စာကြည့်တိုက်ဘက်ခဏသွားမလို့ ရွှေလိုက်မလား.."

သူရိန်နဲ့အတူသွားဖို့ထင်ပါ့ သူမလိုက်ရင် နှောင့်ယှက်သလိုဖြစ်နေမှာပေါ့... အဖေကလဲနောက်ကျရင်ပြောအုံးမယ် သူမလိုက်လို့မဖြစ်ပြန်ပါဘူး...

"နွယ်နဲ့သူရိန်ပဲသွားပါ ရွှေကအိမ်ပြန်နောက်ကျရင် အဖေဆူမှာ...ဒီနေ့ရွှေ့ဘာသာပဲတက်စီနဲဲ့ပြန်လိုက်မယ်..."

"ဖြစ်ပါ့မလား ရွှေ "

"ဖြစ်ပါတယ် နွယ်ရဲ့ "
.
.
သူရိန်နဲ့နွယ် အခြေအနေတစ်ခုထိရောက်သွားလဲ ကိစ္စတော့မရှိပါဘူး သူရိန်ကငြိမ်တယ် နွယ့်စကားကိုအလေးထားတတ်တယ် သူငယ်ချင်းတွေဖြစ်နေကြတာတောင် သူရိန်ကမိန်းကလေးတွေစိတ်ကိုနားလည်ပေးပြီး နိုင်းဒီယံကျတော့ ဘာလို့စိတ်တိုဖို့ကောင်းနေရတာလဲ...

သူတို့ကသွားကြတော့ ရွှေတစ်ယောက်ထဲကျောင်းပြန်ရတော့သည်
အိမ်ကိုလဲဖုန်းမဆက်ချင်တာကြောင့်
တက်စီငှါးဖို့ ကျောင်းပေါက်ဝကိုလျှောက်သွား၏

အချစ်ရေ../ အခ်စ္ေရ..(U+Z)Where stories live. Discover now